Saturday, August 3, 2013

နေ့စဉ် သုံးနေတဲ့ " Have " ဆိုတဲ့ စကားလုံး လေးကို ပိုမိုကျယ်ပြန့် လွယ်ကူစွာ အသုံးချကြည့်ရအောင် ( ၁ )

နေ့စဉ် သုံးနေတဲ့ " Have " ဆိုတဲ့ စကားလုံး လေးကို ပိုမိုကျယ်ပြန့် လွယ်ကူစွာ အသုံးချကြည့်ရအောင် ( ၁ )

မင်္ဂလာပါဗျာ ...
Active English သင်တန်းက တင်ဆက်တဲ့
ဒီ သင်ခန်းစာကတော့
Have ကို သာမန် အသုံး မျိုး သာမကဘဲ ပိုပြီး
လွယ်လွယ်ကူကူ တွင်တွင်ကျယ်ကျယ် သုံးနိုင်စေဖို့ ရည်ရွယ်ပါတယ် ...

ဥပမာ စာကြောင်းလေးတွေကို နမူနာယူပြီး
ပေးထားတဲ့ စကားလုံးတွေ နဲ့ အစားထိုးလေ့ကျင့်နိုင်ပါတယ် ...
( လွယ်လွန်းတဲ့ စကားလုံးတွေကိုတော့ ဘာသာ မပြန်ပေးပဲ ထားလိုက်ပါတယ် ....
ဒါမှ English Language ကို လေ့လာတဲ့ နေရာမှာ
ပိုမိုမှန်ကန် မြန်ဆန်စေတဲ့ အလေ့အထကောင်း တစ်ခု မွေးမြူပြီး ဖြစ်စေမှာပါ )

1. Have နဲ့ အစားအသောက် တွေနဲ့ တွဲလိုက်ရင် စားသည် ၊ သောက်သည် ဆိုတဲ့ အဓိပ္ပါယ်မျိုး ပေါ့...
Have a drink / tea,coffee / something to drink
Have a sandwich / an ice-cream /some cheese / bread / something to eat
*** I always have coffee and bread for breakfast.
-ကျွန်တော် မနက်စာကို ကော်ဖီ နဲ့ ပေါင်မုန့် စားတယ်ဗျ ။

2. Have ကို သုံးပြီး မနက်စာ ၊ နေ့လည် စာ ၊ ည စာ စားတာကို လည်း ပြောလို့ ရပါသဗျာ...
Have breakfast /lunch /dinner / a meal /
*** What do you have for lunch ?
-နေ့လည်စာ ခင်ဗျား ဘာစားသလဲဗျ ။

3. Have ကို တွေ့ဆုံပွဲတွေ ၊ ပြိုင်ပွဲတွေ မှာ လည်း သုံးလို့ ရသဗျာ...
Have a meeting / a competition / a game / a party
*** Do you want to have a game of football ?
- မင်း ဘောလုံးပွဲမှာ ကစား ဝင်ကစားချင်လား ။
*** We must have a meeting to talk about this problem.
- ဒီ ပြသနာ အကြောင်းပြောဖို့ ငါတို့ အစည်းအဝေး လုပ်ရမယ် ။

4. အိမ်စာ ၊ သင်ခန်းစာ ၊ ချိန်းဆိုမှူ တွေမှာလည်း သုံးပါသဗျာ ...
Have a lesson / homework / an exam / an appointment (with the lawyer, etc... )
*** I have an exam tomorrow, so I have to study tonight.
- မ နက်ဖြန် စာမေးပွဲ ဖြေစရာ ရှိလို့ ဒီညတော့ ကျွန်တော် စာ လုပ်ရမယ် ။
*** I have an appointment with the lawyer at 5 P.M.
- ညနေ ၅ နာရီမှာ ရှေ့နေနဲ့ ချိန်းထားတာ ရှိတယ်ဗျ ။

5. ရေကူးတာ ၊ ရေချိုးတာ တွေ နဲ့ လည်း သုံးပါတယ်ဗျာ...
Have a shower / a bath / a swim / a sauna
*** The hotel has a swimming pool, so we can have a swim every day.
- ဒီ ဟိုတယ်မှာ ရေကူးကန်ရှိတော့ ငါတို့ နေ့တိုင်း ရေကူးနိုင်တာပေါ့ ။
*** Why don't you have a sauna ?
- ရေနွေးငွေ့ နဲ့ ဘာလို့ ချွေးမထုတ်သလဲဗျ ။

>>>>>>>>>>>>>>>>>>>>>>>

လေ့လာ တာလေးပြီးရင်တော့ အောက်က လေ့ကျင့်ခန်းလေးတွေ
ကွက်လပ်ဖြည့်ပြီး ဖြေဆို လေ့ကျင့်နိုင်ပါတယ်ဗျာ

1. We can have ......... before the film, or we can eat after it.
2. I am going to the cafeteria to have a ...... Do you want to come?
3. David's having a ....... on Saturday. Are you going ?
4. Do you want to have a ..... ? The bathroom's just here.

................................
Resource : Cambridge University Press

" Have "နဲ့ ပတ်သတ်လို့ ကျန်တဲ့ အသုံး အနှုန်းလေးတွေကို လည်း
နည်းနည်း ချင်း တင်သွားပေးပါမယ်ဗျာ ...
အားပေးကြပါဦး ...

" English ဘာသာစကား က တွန်းဖွင့်ပေးလိုက်တဲ့ တံခါးကနေ
အောင်မြင်မှူဆီ ရဲရဲရင့်ရင့် လျှောက်လှမ်းသွားနိုင်ပါစေဗျာ .... "

လေးစားလျှက်
ကိုဇင်ဇေ
www.facebook.com/activelearningmyanmar

Monday, July 15, 2013

သဒ္ဒါဟာ သင်ကြားမှူ သင်ယူမှူ ဖြစ်စဉ်မှာ အရေးအကြီးဆုံးလား ?






သဒ္ဒါဟာ သင်ကြားမှူ သင်ယူမှူ ဖြစ်စဉ်မှာ အရေးအကြီးဆုံးလား ?

ကျွန်တော်တို့ မြန်မာကျောင်းသားတွေ
သဒ္ဒါအားနည်းတယ်ဆိုတာ အမှန်တရားပါ ...

ဒါပေမယ့် ကျွန်တော် ယုံကြည်တာ တစ်ခုက သူတို့ရဲ့ သင်ကြားမှူ ဖြစ်စဉ်မှာ
သူတို့ အတွက် အဓိက အဟန့်အတား ဖြစ်နေတာ
သဒ္ဒါ မဟုတ်ပါဘူး ။
မြန်မာ တစ်နိုင်ငံလုံးမှာ ( အစိုးရကျောင်းတွေတုန်းကရော ၊
အပြင်က နာမည်ကြီး ဆရာတော်တော်များများပါ )
ဒီ သဒ္ဒါ ကို ပဲ အဓိက အားနည်းချက်လို့ သတ်မှတ် ပြူပြင်လာခဲ့ကြတာ
သင်ကြားပေးနေကြတာ ကြာပါပြီ ။
ကျွန်တော်တို့လည်း ဒီလို ပဲ သင်ခံခဲ့ရတာပါ ။

ဒါပေမယ့် လက်ရှိ ကျွန်တော် မြင်နေရတာ... ယုံကြည်တာ တစ်ခုက
ကျွန်တော်တို့ ကျောင်းသား အများစုဟာ အင်္ဂလိပ်ဘာသာစကားနဲ့ ပတ်သတ်ပြီး
အလွန် အားနည်းနေကြတာ ဟာ
သဒ္ဒါ ကြောင့် အဓိက မဟုတ်ပါဘူး ။

"အဓိက က "အင်္ဂလိပ်ဘာသာစကား ကြောက်စိတ်" စွဲမြဲနေပြီး
"အင်္ဂလိပ်ဘာသာစကားကို ချစ်စိတ်" နည်းပါးနေလို့ ပါ ။"
( ကျွန်တော် ယူဆတာ လွဲချင် လွဲနေပါလိမ့်မယ်
ဒါပေမယ့် ကျွန်တော် ယူဆထားတာကို ပြောပြရုံသာ... )

စကား တစ်ခွန်းရှိပါတယ် ...
"ပညာ သင်ကြားလိုစိတ် မတက်ကြွတဲ့ ကျောင်းသား တစ်ယောက်ကို ပညာသင်ပေးရတာ
အေးစက်နေတဲ့ မီးပူ နဲ့ မီးပူ တိုက်နေသလိုပဲ" တဲ့...

ဒါကြောင့် ကျွန်တော် အကြံပေးချင်တာက တော့
သူတို့ရဲ့ စိတ်ကို အဓိက ပထမဆုံး ပြောင်းနိုင်အောင်ကြိုးစားတဲ့ နည်းပါ ။
ဒီလို သူတို့ကို ပြောင်းပေးလိုက်နိုင်တာနဲ့
ဘာ Method , Reference ပဲ သုံးသုံးပါ ...
သူတို့ရဲ့ တိုးတက်နှုန်း အရမ်းမြန်လာပါလိမ့်မယ်...
သူတို့ ကိုယ်တိုင် လေ့လာမှူတွေ လုပ်လာကြပါလိမ့်မယ်....

(ကိုယ့်ဘာသာကိုယ် လေ့လာနေသူများ အတွက်တော့
ဒီစိတ်က များသောအားဖြင့် ရပြီးသားပါ ...
ဒီ အတွက် သဒ္ဒါ ၊ ဝေါဟာရ ၊ Situational Dialogues စသဖြင့် ဆက်လေ့လာသွားရုံပါပဲ...)

(ဆရာ ဖြစ်တဲ့လူက ငါးကျွေးရုံမက ကွန်ချက် ပြပေးရပါမယ် ...
Self-Study လုပ်နိုင်တဲ့ စိတ်ဓာတ် ၊ အခြေခံကောင်းတွေ ၊
နည်းစနစ်တွေ ကို ချပြပေးရပါမယ် ...
"ဒါလေး ဒီလို သုံးပြီး ဒါလေးတွေ ဒီလို သုံးတာပေါ့ ချစ်တပည့်ရေ" ဆိုတာမျိုးထက်
ဒါလေးတွေ ဒါလေးတွေ သုံးနည်း ကို
ဒီစာအုပ်တွေမှာ အကုန်ရှိပါ့ ....
ကိုယ့်ဟာကိုယ် လေ့လာကြည့်ပြီး မရှင်းတာရှိ မေးပေါ့ကွာ...
ဆိုတာမျိုး ဖြစ်မှ ဆရာပီသတယ်လို့ ကျွန်တော် ခံယူပါတယ်...)

အဲဒီ အချိန်ကျမှ ပေါများလှတဲ့ သဒ္ဒါစာအုပ်တွေ ၊ ဝေါဟာရ စာအုပ်တွေ ၊
Situational Dialogues တွေ ဟာ
သူတို့ အတွက် ဆရာ လွတ် လေ့လာနိုင်လောက်အောင်တောင်
အထောက် အကူပြုနိုင်ပါလိမ့်မယ် ...
( ကျွန်တော်ကတော့ ကျောင်းသားတွေဟာ ဆရာ ကို အားကိုးစရာ မလိုတော့ဘူးဆိုတဲ့
စိတ်ရသွားမှ အဲဒီ ဆရာ အောင်မြင်တယ်လို့ ခံယူပါတယ်... )

လေးစားလျှက်
ကိုဇင်ဇေ (Active English on Facebook )

တခြား လူတွေ သင့် နောက်ကွယ်မှာ ဘာတွေပြောနေကြသလဲ





တခြား လူတွေ သင့် နောက်ကွယ်မှာ
ဘာတွေပြောနေကြသလဲဆိုတာကို
စိတ်ပူ စိုးရိမ်မနေပါနဲ့ ...
သူတို့ဟာ သင့်ဘဝရဲ့ အမှားတွေကို
ရှာပေးနေကြတဲ့လူတွေပါ ...
သူတို့ ကိုယ်ပိုင် ဘဝရဲ့ အမှားတွေကို
ပြင်ဆင်နေရမယ့် အစားပေါ့ ...

လေးစားလျှက်
ကိုဇင်ဇေ
Active English on Facebook

"Don't worry about what other people
say behind your back ,
they are the people who are finding
faults in your life
instead of FIXING the faults
in their OWN LIFE ."

ငါတို့ ရင်ထဲမှာ ရှိနေတဲ့ အရာတွေ

ငါတို့ အနောက်မှာ ရှိနေတဲ့ အရာတွေ ...

ငါတို့ အရှေ့မှာ ရှိနေတဲ့ အရာတွေ ဟာ ...

ငါတို့ ရင်ထဲမှာ ရှိနေတဲ့ အရာတွေနဲ့

ယှဉ်လိုက်ရင်တော့ အသေးအမွှားတွေပါ ...




လေးစားလျှက်
ကိုဇင်ဇေ
Active English on Facebook

မမေ့ပစ်လိုက်ပါနဲ့ …






" Forget what hurt you
but never forget
what it taught you. "

သင့်ကို နာကျင်စေတဲ့ အရာတွေကို
မေ့ပစ်လိုက်ပါ …
ဒါပေမယ့် အဲဒီ အရာတွေက
သင့်ကို သင်ပေးလိုက်တဲ့ သင်ခန်းစာတွေကိုတော့
မမေ့ပစ်လိုက်ပါနဲ့ …

လေးစားလျှက်
ကိုဇင်ဇေ
Active English on facebook

လုပ် လိုက် စမ်း ပါ …






"The harder you work, the harder it is to surrender."
-- Vince Lombardi

လုပ် လိုက် စမ်း ပါ …
ပိုပြီး ပြင်းပြင်းထန်ထန် ကြိုးစား လုပ်လေ
လက်လျှော့ အရှုံးပေးလိုက်ဖို့ ခက်လာလေမှို့ …
လုပ် လိုက် စမ်း ပါ ….

လေးစားလျှက်
ကိုဇင်ဇေ
Active English on facebook

Ph : 09 4311 5202

သင် မနှစ်သက်တဲ့ လူတွေအကြောင်း






သင် မနှစ်သက်တဲ့ လူတွေအကြောင်း တွေးရင်း
ဘယ်တော့မှ အချိန် မဖြုန်းမိပါစေနဲ့ ...

လေးစားလျှက်
ကိုဇင်ဇေ
Active English on Facebook

Never waste a minute thinking about people you don't like.
-Dwight D. Elsenhower

လူတိုင်းဟာ ပါရမီရှင်တွေပါ...


လူတိုင်းဟာ ပါရမီရှင်တွေပါ...
ဒါပေမယ့် သင်ဟာ
ငါး တစ်ကောင်ရဲ့ အရည်အချင်းကို
သစ်ပင် ပေါ် တက်နိုင်လားဆိုတာနဲ့
စဉ်းစား သတ်မှတ်နေမယ်ဆိုရင်တော့
တစ်သက်လုံး "ညံ့ ပ ကွာ " ဆိုတဲ့
ယုံကြည်ချက်မျိုးပဲ ကျန်နေရစ်မပေါ့...

Adapted by ကိုဇင်ဇေ
Active English on facebook

"Everyone is a genius.
But if you judge a fish on its ability to climb a tree,
it will live its whole life believing that it is stupid."
-A Eistein


Test your English အစီအစဉ် - 1


Test your English ( 1 ) >>> Questions and Answers with Explanation

အောက်ပါ စာကြောင်းတွေမှာ ဘယ်စာကြောင်းတွေက မှားနေပါသလဲ...
မှားနေတဲ့ စာကြောင်း နံပါတ်များကို comment မှာ ရေးပေးခဲ့ပါ ...
ည ၉ နာရီမှာ အဖြေပြန်တင်ပေးမှာ ဖြစ်ပါတယ်...
- မှားနေတဲ့ စာကြောင်း အရေအတွက်ကတော့
( ၂ ဒါမှ မဟုတ် ၃ ) ဖြစ်ပါတယ် ...

1. Although it is late but I will still come to your house.
2. Although it is late , I will still come to your house.
3. It is late but I will still come to your house.
4. He does not write the alphabets clearly.
5. He does not write the letters of the alphabet clearly.
.
.
.
.
.
သေချာ စဉ်းစားဖြေကြည့်ပြီးမှ အဖြေနဲ့ ရှင်းလင်းချက်ကို ဆက်ပြီး
ဖတ်ကြည့်စေလိုပါတယ် ....
.
.
.
.
.
"မှားတဲ့ ဝါကျတွေကတော့ ၁ နဲ့ ၄ ဖြစ်ပါတယ်...."

ဒီ လေ့ကျင့်ခန်း ကို ၂ ပိုင်းခွဲပြီး ရှင်းပေးပါမယ်...

ပထမ တစ်ပိုင်းက အပေါ်ပိုင်း ဖြစ်တဲ့ နံပါတ် ၁ ကနေ ၃ အထိပါ ...
၁ က မှားပြီး ...
၂ နဲ့ ၃ က မှန်ပါတယ် ...
( အများစု ရွေးချယ်တာ မှန်ပါတယ် ...)
Although နဲ့ but အသုံးကို အဓိက ထားပြီး စစ်ကြည့်တာ ဖြစ်ပါတယ် ...
Although နဲ့ but ဟာ သုံးရတဲ့ ရည်ရွယ်ချက်ချင်း တူပါတယ် ...

စာကြောင်း ၁ ကြောင်းဟာ ဖတ်ရှုသူကို
မျှော်လင့်ချက် (ခန့်မှန်းချက်) တစ်ခု ဖြစ်လာစေတယ်...
ဒါပေမယ့် ဖတ်ရှုသူ ၊ နားထောင်သူ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မသွားကြောင်းကို
နောက်ထပ် စာကြောင်း တစ်ကြောင်းက ဖြည့်ပြောသွားပေးမှာ ဖြစ်ပါတယ်...

ဒီလို စာကြောင်း ၂ ကြောင်းကို ဆက်ရတဲ့ အခါ Although နဲ့ but ကို သုံးနိုင်ပါတယ် ...
ဒါပေမယ့် ဒီ ၂ ခု လုံးကို စာကြောင်း တစ်ကြောင်းထဲမှာတော့ သုံးလို့မရပါဘူး...
အဲဒီတော့ နံပါတ် ၁ က မှားနေတာ သိသာပါတယ် ...

အချို့ ၂ နဲ့ ၃ ကို အမှားလို့ ထင်တဲ့လူတွေ ရှိပါတယ် ...
"will still come" ဆိုတဲ့ အသုံးကို ဘဝင်မကျလို့နဲ့ တူပါတယ်...
သုံးလို့ရပါတယ် ...
"will still come" = " ငါ လာဖြစ်အောင်တော့ လာဦးမယ်"
ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်သွားပါတယ် ..
"will come"ဆိုရင် " ငါ လာမယ် " ဆိုတာလောက်ပဲ အဓိပ္ပါယ် ရှိပါတယ် ...
ဒါပေမယ့် "still" ကို မြှုပ်သုံးပြီးလည်း
ကိုယ့်ဘာသာကိုယ် နားလည်ယူတာမျိုး လုပ်နိုင်ပါတယ် ..
( although ဒါမှမဟုတ် but ပါနေတာကိုး ... )

..................................

ဒုတိယ ပိုင်းကတော့ ၄ နဲ့ ၅ ပါ ။
ပါဝင်ဖြေဆိုသူ အများစု ( ကျွန်တော် လိုက်ဖတ်ကြည့်သလောက်တော့
တစ်ယောက်မှ လွဲ၍ အားလုံး )
မှားတဲ့ အပိုင်းပါ ....

"alphabet" ဆိုတာကို တကယ် နားလည် မလည်
စောင့်ဖမ်းတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ် ...
တကယ်တော့ alphabet ဆိုတာ a standard set of letters ပါ...
ဆိုလိုတာက a တစ်လုံးတည်း ... b တစ်လုံးတည်း စသဖြင့်ကို
alphabet လို့ ခေါ်လို့ မရပါဘူး ...
A to Z ( letters ) တွေ ရဲ့ အစု အဝေး တစ်ခု ဖြစ်ပါတယ် ...

ဂရိ Greek စကားလုံး များထဲမှ
ပထမဆုံး ၂ လုံး ဖြစ်တဲ့ ( alpha , beta )
ကို ပေါင်းစပ်ပြီး ဆင်းသက် လာခြင်း ဖြစ်ပါတယ် ...

alphabet မှာ "s" ထည့်ထားတယ် ဆိုရင်
letters ရေးသားတဲ့ စနစ်များလို့ မှတ်ယူရမှာ ဖြစ်ပါတယ် ...
( ဥပမာ ...
There are dozens of alphabets in use today and
some of them are
Greek alphabet , Latin alphabet , Arabic alphabet,
Hebrew alphabet and Syriac alphabet.)

ဒီတော့ He does not write .......... clearly.
သူ ရှင်းရှင်းလင်းလင်း မရေးတာဟာ "the alphabets"တွေ မဟုတ်ဘဲ
"the letters of the alphabet" တွေပဲ ဖြစ်ရမှာ ဖြစ်ပါတယ် ...
ဒါကြောင့် နံပါတ် ၄ က မှားပြီး ၅ က မှန်ပါတယ်...
( အတော်များများကတော့
၅ ကို အမှား
၎ ကို အမှန်လို့ ဖြေဆိုထားတာ တွေ့ရပါတယ်... )

>>>>>>>>>>>>>>>>>>.

စိတ်ဝင်တစား ပါဝင် ဖြေဆိုသွားသူများ အားလုံး ကို
ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ..

စကားချပ် အနေနဲ့ ပြောချင်တာ တစ်ခုက
English ဘာသာစကား ကို လေ့လာတဲ့ အခါမှာ
အဲလို အမှားကို စောင့်ဖမ်းတာ ၊
ရှားရှားပါးပါး စကားလုံးတွေ ဆွဲထုတ်ပြီး စစ်ဆေးတာမျိုးဟာ
အပျော် သဘော ( မိမိ ကိုယ်ကို လှုံ့ဆော်တဲ့ သဘော ) သာ ဖြစ်သင့်ပါတယ် ။

"ငါတော့ ဒါမျိုး သိတယ်ကွ..." ဆိုပြီး ရေးကြီး ခွင်ကျယ် ဂုဏ်ယူနေစရာ မလိုသလို
"ငါတော့ မသိဘူး..."ဆိုပြီး စိတ်ဓာတ်ကျစရာ ၊ အားငယ်စရာလည်း မလိုပါဘူး ။

သင့်ရဲ့ သင်ယူလေ့လာလိုစိတ်ကို တွန်းအားပေးနိုင်ဖို့ပဲ အာရုံထားရမှာ ဖြစ်ပါတယ်လို့
ကျွန်တော် ဘက်က အကြံပေးချင်ပါတယ်ဗျာ...

အမြဲ မပြတ် ထိတွေ့လေ့လာသွားစေလိုသော စေတနာဖြင့် ...

"English ဘာသာစကားက ဖွင့်ပေးလိုက်တဲ့ တံခါးတွေကို
ချောချောမွေ့မွေ့တိုးဝင်သွားနိုင်ပြီး
မိမိ လိုလားသော ဘ၀ အောင်မြင်မှူကို ရရှိပိုင်ဆိုင် နိုင်ကြပါစေဗျာ..."

လေးစားလျှက်
ကိုဇင်ဇေ
Active English on facebook
Ph : 09 4311 5202


မနေ့က ဖြစ်ခဲ့တာတွေ အတွက်

မနေ့က ဖြစ်ခဲ့တာတွေ အတွက်
ဒီနေ့ မှာ ငြီးငြူ ပြစ်တင်နေပြီး အချိန်တွေ ကုန်လွန်သွားစေမယ်ဆိုရင် ...
ပိုကောင်းတဲ့ မနက်ဖြန်ဆိုတာ ရလာမှာ မဟုတ်တော့ဘူး ....

"Spending Today...
Complaining about Yesterday....
Won't make
Tomorrow
Any Better...."

ကိုဇင်ဇေ
(Founder & Trainer @ Active English<<<Active Learning Society)
Active English on Facebook
Ph : 09 4311 5202

Learning English Via Quotes အစီအစဉ်

English ဘာသာစကားကို ပျော်ရွှင်တက်ကြွ စိတ်ဝင်စားစွာ
အမြဲ ထိတွေ့လေ့လာသင်ယူလိုသူများအတွက်
Active English (Active Learning Society ) မှ
1. Learning English Via Quotes
2. Learning English Via Jokes
အစီအစဉ်များကို စတင်လိုက်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ် ခင်ဗျာ ...

ကိုဇင်ဇေ (Founder & Trainer @ Active English<<<Active Learning Society)
Active English on facebook
Ph : 09 4311 5202

(မှတ်ချက် ။ သတင်းကောင်း ဟုတ်ပါတယ် နော် ... )
နှစ်သက် သဘောကျတယ်ဆိုရင်ဖြင့်
Like & Share လေး ပေးပြီး ကူညီကြပါဦးဗျာ ...

ငါဟာ ငါပဲ ...

I am who i am ,
your approval is not needed.

"ငါဟာ
ငါပဲ ...
မင်း သဘောကျ လက်ခံ ဖို့
မလို..."

လေးစားလျှက်
ကိုဇင်ဇေ ( Active English on facebook )

အတွေ့အကြုံ ရဲ့ အခြား နာမည်

လူတိုင်းက သူတို့ရဲ့ အမှားတွေကို
နာမည် တစ်ခု ပေးလိုက်တတ်ကြတယ် ...
.
.
.
.
.
.
.
" အတွေ့အကြုံ " ... တဲ့ ...

လေးစားလျှက်
ကိုဇင်ဇေ
Active English on facebook


Experience is the Name
Everyone gives to their Mistakes ...
-Oscar Wilde


I am who i am today because of the choices i made yesterday.
-Eleanor Roosevelt

"မနေ့က ရွေးချယ်ခဲ့တဲ့ ရွေးချယ်မှူတွေဟာ
ဒီနေ့ ငါ့ကို
ဒီလို ဖြစ်နေစေတာပါပဲ ..."

လေးစားလျှက်
ကိုဇင်ဇေ ( Active English on facebook )

Before you act, listen.
Before you react, think.
Before you spend, earn.
Before you criticize, wait.
Before you pray, forgive.
Before you quit, try.
-Ernest Hemingway

"မလုပ်ခင် နားထောင်ပါ...
မတုံ့ပြန်ခင် စဉ်းစားပါ...
မသုံးခင် ရှာဖွေပါ...
မဝေဖန်ခင် စောင့်လိုက်ပါ...
ဆုတောင်းဝတ်ပြုခြင်း မပြုခင် ခွင့်လွှတ်ပါ...
လက်လျှော့အရှုံးမပေးခင် ကြိုးစားပါ..."

လေးစားလျှက်
ကိုဇင်ဇေ ( www.facebook.com/ActiveLearningMyanmar )

Monday, July 8, 2013

အောင်မြင်မှူတွေရဲ့ နောက်ကွယ်မှာ ...






အောင်မြင်မှူတွေရဲ့ နောက်ကွယ်မှာ ...

လူ အတော်များများဟာ အောင်မြင်သူတွေကို ကြည့်တဲ့အခါမှာ
နောက်ဆုံး ရလာဒ် ဖြစ်တဲ့ အောင်မြင်မှူတွေကိုပဲ မြင်ပြီး
ကျန်တာ ဘာမှ မြင်လေ့ မရှိကြဘူး ...
အောင်မြင်သူတွေ လက်ရှိနေရာကို ရောက်လာဖို့
တစ်လျှောက်လုံး ကြိုးစားလုပ်ဆောင်လာခဲ့ရတာတွေကို မြင်လေ့မရှိကြဘူး...

Adapted by
ကိုဇင်ဇေ ( Blog)
Ref: Donald Trump (American Billionaire)

"Many people look at successful people & don't see anything but the end result. They don't see all the work that went into getting there."

Saturday, April 27, 2013

Active English-"ငွေကြေးကြောင့် သင့် ပညာရေး ...လုံးဝ ...လုံးဝ... မဝေးစေရပါ..."




"ငွေကြေးကြောင့် သင့် ပညာရေး ...လုံးဝ ...လုံးဝ... မဝေးစေရပါ..."



ALS (Active Learning Society-Active English) က စီစဉ်တဲ့ သင်တန်းများကို
တတ်ရောက်လိုသော်လည်း...
ငွေကြေး အမှန်တကယ် အခက် အခဲ ရှိနေသူများ ရှိခဲ့ရင်
သီးသန့် လူကိုယ်တိုင် လာရောက်ဆက်သွယ်မေးမြန်းပေးပါ....
ကျွန်တော် တကယ် ကူညီဖို့ သံဓိဋ္ဌာန် ချထားပြီးသားပါ...

ဒါပေမယ့် လူကိုယ်တိုင် လာရောက် စုံစမ်းပေးပါ...
ပညာသင် ဆု ပေးနိုင်အောင် ကြိုးစားစီစဉ်ထားပါတယ်...

"ပညာဒါန" သဘော တက်ရောက်ခွင့်ရခဲ့ရင်တောင်
လူအများကြီး ( ၅၀ ၊ ၁၀၀ ) ခန့်နဲ့ ရောသင်ရမှာမျိုး လုံးဝမဟုတ်ပဲ
ကျွန်တော်တို့ရဲ့ (၁၀ ဦး မှ ၁၆ ဦး) သာ လက်ခံ မယ့် တန်းခွဲတွေမှာ
သင်ကြားခွင့်ရမှာပါ ။

ဒါပေမယ့် လုံးဝ အလကား ဆိုတာ မျိုးတော့ မရပါဘူး ။
"ဈေးပေါသွားမှာ စိုးလို့ ၊ တန်ဖိုး မထားတတ်ကြမှာစိုးလို့ ပါ ..."

ကျွန်တော်တို့ ကို တစ်ခု ခု ပြန်ပေး ရပါမယ် ...
တတ်နိုင်တဲ့ တစ်ခု ခုကို ပဲ ကျွန်တော်တို့ ဘက်က တောင်းဆိုမှာ ဖြစ်ပါတယ်...
ဒါကြောင့် အမှန်တကယ် ငွေကြေး အခက်အခဲ ရှိတယ်ဆိုရင်
လူကိုယ်တိုင်သာ လာရောက် စုံစမ်းစေချင်ပါတယ်....

တကယ် စိတ်ရင်း မှန်ပြီး တိုးတက် လိုတဲ့ သင်တန်းသားတွေဆိုရင်
ကျွန်တော်တို့ဆီမှာ အလုပ်သင် အခွင့်အလမ်း တွေပါ ပေးပြီး
ကူညီ သွားမှာ ဖြစ်ပါတယ် ။

လေးစားလျှက်
ကိုဇင်ဇေ (Founder @ ALS-Active Learning Society-Active English)
09 4311 5202

Tuesday, April 23, 2013

"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..."






Active English (Interactive English Classes)

English ဘာသာ စကားကို ရင်းနှီးတက်ကြွစွာ အပြန်အလှန်
ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ...

"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..."

အခြေခံ မကောင်းခဲ့၍ English ဘာသာစကားကို ကြောက်နေသူများ
၂ လ မှ ၆ လ အတွင်း မိမိကိုယ် မိမိ ယုံကြည်စွာ ပြောဆိုရေးသားနိုင်ရန်
သင်ကြားပေးနေပါပြီ ...

“မိမိနှင့်ကိုက်ညီသည့် သင်ကြားပုံ ဟုတ်မဟုတ်
သေချာ လာရောက်ဆွေးနွေးနိုင်သည် ။
လက်ရှိတန်းခွဲများ ၊ သင်ကြားမှူ ရှင်းလင်းပွဲ များတွင်
ကြိုတင်တက်ရောက်လေ့လာနိုင်သည် ။”

"-စာနဲ့ ဝေးသွားလို့ပဲ ဖြစ်ဖြစ်...
-တခြား သင်တန်းတွေ တက်ဖူးပေမယ့် အဆင်မပြေလို့ပဲ ဖြစ်ဖြစ်...
-သိပေမယ့် လက်တွေ့ တကယ် အသုံးမချနိုင်လို့ပဲ ဖြစ်ဖြစ်...
Active English ဟာ သင့်ကို အကောင်းဆုံး အာမခံ ကူညီဖို့ အဆင်သင့်ပါ"

"လစဉ် ကျင်းပပေးလေ့ရှိသော English ဘာသာစကား
အသုံးချ အဆင့် ကျွမ်းကျင်တတ်မြောက်စေရေး
သင်ကြားမှူ ရှင်းလင်းပွဲ များကို ကြိုတင် စာရင်းသွင်း လေ့လာနိုင်ပါတယ် "

"May 2" (2.5.2013) မှာ တန်းခွဲသစ်တွေ စတင် ဖွင့်လှစ်မှာ ဖြစ်ပြီး
ကြိုတင် အပ်နှံသူများအတွက် အထူးလက်ဆောင် အစီအစဉ်များ ရှိလို့ အမြန်စုံစမ်း

လေ့လာနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ဗျာ.."

Level 1- Beginner & Elementary Level
Level 2- Pre-intermediate Level
Level 3- Intermediate Level

ဒီ Level ၃ ခု မှာ "English for General Purposes" အနေနဲ့ သင်ကြားပေးသွားမှာဖြစ်ပြီး
နေ့စဉ်သုံး ( Everyday English ) ၊ အထွေထွေ သုံး ( General English ) သာမက
စိတ်ဓာတ် မြှင့်တင်ရေး နဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်စေရေးအတွက်
"Motivation & Personal Development Program for Youth" များနဲ့
အားဖြည့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ...

သင်တန်းကြေး - Level တစ်ခု - ၂ လ - ၄၀၀၀၀ ကျပ်
" ၄၈ နာရီ သင်ကြားပေးမှာ မှို့လို့ တစ်နာရီကို ၈၃၄ ကျပ် ပဲ ကျပါတယ် ... :) "

PS :
***Special Classes ( Tailor-made English Classes & Job Ready Program )
- သင်တန်းသား တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့လိုက် သီးသန့် လိုအပ်ချက်များ အတွက်
Tailor-made English Classes များကို စီစဉ်ပေးထားပါတယ် ...

English စာနဲ့ ဝေးနေပြီးမှ ရုတ်တရက်
-နိုင်ငံခြားသွားဖို့ အချိန် နီးကပ်နေသူတွေ
-အနီးကပ် ကို ယောင်ယမ်းမဟုတ်ပဲ စနစ်တကျ ပြင်ဆင်သွားလိုသူတွေ အတွက်
Job Interviews & Job Ready Program များကိုလည်း
အထိရောက်ဆုံး ဖြစ်အောင် စီစဉ်ပေးထားပါတယ် ...

ဆက်သွယ်ရန် : 09 4311 5202
အမှတ် (၁၀) ၊ (၄)လွှာ ၊ဗိုလ်မှူးအောင်လမ်း ၊ ဗိုလ်စိန်မှန် ရပ်ကွက် ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ။


https://www.facebook.com/ActiveLearningSociety

Saturday, March 9, 2013

အချို့တွေ အရည် အသွေး အလွန်ရှိပေမယ့် နေရာပေး မခံရတာ

talent n wasted

 

ထုတ်ကုန် တစ်ခုကိုပဲ ဖြစ်ဖြစ်
အရည် အသွေး တစ်ခုကိုပဲ ဖြစ်ဖြစ်
ဈေးကွက် တင်တတ်ဖို့ အရေးကြီးတယ် ...
မဟုတ်ရင် ကိုယ့်ရဲ့ ထုတ်ကုန် ၊ အရည် အသွေး ဘယ်လောက်ပဲ
ကောင်းနေပါလေ့စေ ...
တန်ဖိုးထား မခံရတတ်ဘူး....

အချို့တွေ အရည် အသွေး သိပ်မရှိဘူး ထင်ရပေမယ့်
နေရာ ရနေတာ ဒါ့ကြောင့်ပဲ...
အချို့တွေ အရည် အသွေး အလွန်ရှိပေမယ့်
နေရာပေး မခံရတာ ဒါ့ကြောင့်ပဲ....

Marketing & Branding ကို အထင်မသေးပါနဲ့ ...
ကိုယ့်အတွက် အားနည်းချက် ဖြစ်သွားလိမ့်မယ် ....

လေးစားလျှက်
ကိုဇင်ဇေ (STG)
www.facebook.com/sharingtogethergroup

STG 4th Meeting

stg 4

STG 4th Meeting အကြောင်း အကျဉ်းလေးတော့ ပြန်ပြောပြပါဦးမည် ...
ခေါင်းစဉ်ကို
"လူငယ်နှင့် အခွင့်အလမ်းများ
လူငယ်နှင့် အခက်အခဲများ"
လို့ တပ်ထားခဲ့တာ ရည်ရွယ်ချက် ရှိပါသည် ။

ကျွန်တော်တို့ ကြုံနေရသော အခက်အခဲတွေ သည်
ကျွန်တော်တို့ ဖြတ်သန်းကျော်လွှားသွားနိုင်မည်ဆိုလျှင်
တန်ဖိုးသတ်မှတ် မရနိုင်သော အခွင့်အလမ်းများ ဖြစ်လာနိုင်ကြောင်း
စွဲထင် သွားစေချင်လို့ ဖြစ်ပါသည် ။



တက်ရောက်လာသူ လူငယ်တွေထဲက ၂ ယောက် ( ကိုဇော် နှင့် Gloria) ၏
အခက်အခဲမျာ်းကို ရင်ဆိုင် ဖြတ်သန်းရင်း
လက်ရှိရရှိလာသော... မြင်နေရသော
အခွင့်အလမ်း များ အကြောင်း ကို ဆွေးနွေးခဲ့ကြပါသည် ။

-Franchise လုပ်ငန်း၏ အားသာချက် ၊ အားနည်း ချက် များ နှင့်
လုပ်ကွက် များ အကြောင်း ပြောဖြစ်ကြသည် ။
-လူငယ် အသင်းအဖွဲ့များ ကြားက
နေရာလုပုံလေးတွေ အကြောင်း ပြောဖြစ်ကြသည် ။
-အလုပ် တကယ် ရှားသလား ...
အလုပ် သမားကောင်း တကယ် ရှားသလား ... ဆွေးနွေးဖြစ်ကြသည် ။

-ဒါတွေကို ဘယ်လို ကျော်ဖြတ်ခဲ့ကြသလဲ ...
ဘယ်လို ကျော်ဖြတ်နိုင်ကြမလဲ ... ဆိုတာလေးတွေ ပြောဖြစ်ကြသည် ။

-STG ကို Company ပုံစံ လုပ်မလား ...
NPO (Non Profit Organisation) ပုံစံ လုပ်မလား ...
စသဖြင့် ကျွန်တော့်ကို ဆွေးနွေးအကြံပေးသွားကြတာလည်း
ကျေးဇူး အလွန်တင်မိပါသည် ။

-STG သည် 1st Meeting မှာ ကျွန်တော် မှာ ပြောခဲ့သလို
1st Meeting ဆောင်းပါးမှာ ကြေငြာ ခဲ့သလို ပုံစံပဲ ဆက်ရှိနေပါမည် ။
ဆက်သွားပါမည် ။

-အသင်းဝင် အားလုံး ကို သေချာ ချိတ်ဆက်ပေးသွားမည် ဖြစ်သော်လည်း
ဆိုင်ရာ Projects အလိုက်သာ ပူးပေါင်းပါဝင် လုပ်ကိုင်သွားကြရန်
အကြံပေးလိုပါသည် ။
အားလုံး ညီတူ ညီမျှ စိတ်ပါဝင်စား အင်အားစိုက်ထုတ်နိုင်မည့်
လုပ်ငန်း တစ်ခု ကို စိတ်ကူးတာကတော့ လောလောဆယ်
စိတ်ကူးယဉ် ဆန်နေပါသေးသည် ။
ထို့ကြောင့် အဆင်ပြေသလို သီးသန့် ချိတ်ဆက်သွားကြရန်သာ အကြံပေးလိုပါသည် ။

-ကျွန်တော်ပါလျှင် ကျွန်တော် တာဝန်ယူနိုင်ပြီး
ကျွန်တော် မပါလျှင် ကျွန်တော်ရော STG ရော တာဝန်ယူပေးနိုင်ရန် ခက်သောကြောင့် ဖြစ်ပါသည် ။

-အသင်းဝင် များလာဖို့ ထက်
ရှိရင်းစွဲ အသင်းဝင်များ ပိုမိုထိရောက်စွာ ချိတ်ဆက်ဆောင်ရွက် အကျိုးရှိနိုင်ဖို့
ကျွန်တော် အဓိက ထား လုပ်ဆောင်သွားပါမည် ။
( အသင်းကို ခုတုံးလုပ်မည့် နိုင်ငံရေး ၊ ဘာသာရေး ၊ စီးပွါးရေး လှုံ့ဆော်မှုများကို
ကာကွယ်ရန် အတွက် ကျွန်တော် တစ်ယောက်ထဲ တာဝန်ခံ ဆောင်ရွက်ရသည်ကို
နားလည်ပေးစေလိုပါသည် ။
ကျွန်တော့် ကိုလည်း ယုံမှသာ လာစေချင်ပါသည် ။ :) )

-ဒီစာရေးနေရင်းမှ ဖိတ်စရာလူတွေ...
ဖိတ်လိုက်နော် လို့ တကူးတက မှာထားသူတွေကို
ဖိတ်ဖို့ မေ့သွားမိတာ အားနာမိပါသည် ။
Online ပေါ်မှာပဲ အာရုံထား ဖိတ်မိတာ ကျွန်တော် မှား တာ ဖြစ်ပါသည် ။
တောင်းပန်ရင်း နောက် တစ်ပွဲမှာ ဆုံချင်ပါသေးသည် ။

-အားလုံးပေါင်း ၈ ယောက်မှာ ၄ ယောက် က အချိန် မရ၍
ပြန်သွားသော အခါ ထို ၄ ယောက်မှာ စီးပွါးရေး အကြောင်း
ဒဲ့ တွေသာ လွှတ်ပါတော့သည် ။ :P
Mindset ကျွေးဖို့လည်း မလို ၊ Motivation ပေးဖို့လည်း မလိုတော့သည့်
စွန့်ဦးတီထွင် စိတ်ဓာတ်ရှိသူတွေမှို့ဖြစ်ပါသည် ။
လုပ်ငန်း အမျိုးအစားတွေ အလိုက် စီမံကိန်းတွေ အကြမ်းဖျဉ်း ပြောကြသည် ။
Resources တွေ တွက်ကြည့်ကြသည် ....
Potential Partnerships များ ချိတ်ကြသည် ...
( ဘာ လုပ်ငန်း အမျိုးအစားတွေလဲ ဆိုတာ
Online ပေါ်မှာ မပြောပြနိုင်တာတော့ နားလည်ပေးနိုင်မည် ထင်ပါသည်။ :) )

-အလုပ်ဖြစ်သည့် ဆွေးနွေးပုံမျိုး ဖြစ်သည် ဟုထင်ပါသည် ။
နောင် ဒီလို တကယ် ချတော့မယ့် လူတွေ
ခပ်စိတ်စိတ်လေး တွေ့ကြမလား ဟု အကြံပြုကြသည် ။
ဘယ်နေ လိမ့်မလဲ ...
ကောင်း ၏ ပေါ့ ... ;)
( ဒီလို ဘယ်သူပြောလာမလဲ စောင့်နေတာ ကြာပြီ ဖြစ်သည် ။ :) )

-အသင်းဝင်များထဲမှ... တကယ် ချနေသူတွေ ... ချမည့်သူတွေ ...
အနည်းဆုံး ၂ ပတ် တစ်ခါ တော့ တွေ့ဖြစ်ကြလိမ့်မည် ထင်ပါသည် ။

-ကျွန်တော်တို့တော့ တွန်းနေပါသည် ။
ဆက်၍ ဆက်၍ တွန်းနေပါဦးမည် ။ :)

လေးစားလျှက်
ကိုဇင်ဇေ (STG)
www.facebook.com/sharingtogethergroup

PS : နာမည် ဂိမ်း လေး ကစားသွားလို့ ပျော်လည်းပျော် ...ရင်းလည်းရင်းနှီး...
နာမည်လေးတွေလည်း မှတ်မိသွားကြမည် ထင်ပါသည် ။ :)

"နာမည်ကြီးချင်တာ ဘာပြသနာများ ရှိလို့ပါလဲ...."

problem

(နာမည်ကြီးရမှာ မသိုးမသန့် ဖြစ်နေတတ်တဲ့

လူတော်လူကောင်း သူငယ်ချင်းများအတွက်

ဒီစာစုကို ရည်ရွယ်ပါတယ်...)

 

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ

နာမည်ကြီးချင်တာ...

နာမည်ကြီးအောင် လုပ်တာကို တစ်ချို့က

နှာခေါင်း ရှုံ့ချင်ကြတယ် ....

ဒီလူ ဒီ အဖွဲ့ အစည်းရဲ့ ရည်ရွယ်ချက်ကို လေ့လာဖို့တောင်

မလေ့လာ မစဉ်းစားကြတော့ပဲ

နာမည်ကြီးချင်တယ်ဆိုတာနဲ့ပဲ

နှာခေါင်း ရှုံ့ချင်ကြတယ်....

 

ကျွန်တော်မေးပါရစေ....

"နာမည်ကြီးချင်တာ ဘာပြသနာများ ရှိလို့ပါလဲ...."

 

ပြသနာ မဟုတ်တဲ့ဟာကို ပြသနာလုပ်လာကြတဲ့

ခေါက်ရိုးကျေ ယဉ်ကျေးမှူ တစ်ခုအတွက်

လူတော် လူကောင်းအများစုဟာ

နာမည်ကြီးအောင် လုပ်ရမှာကိုတောင်

လိပ်ပြာမသန့်သလို ခံစားလာရတော့တယ် ...

 

ဒါဟာ ဖြစ်သင့်ပါရဲ့လား....?

 

ကြာလာတော့ ကျွန်တော်တို့ လူငယ်တွေမှာ

Self Branding ဆိုတဲ့ မိမိကိုယ်ပိုင်တန်ဖိုး မြှင့်တင်ဖို့ ....

အများအသိအမှတ်ပြူအောင် လုပ်ကိုင်ဖို့....

စိတ်ထက်သန်မှုတွေ.... နည်းလမ်းတွေတောင်

ပျောက်ကွယ်မေ့လျော့လာကြတယ် ....

 

ဒီလိုနဲ့ပဲ လူတော်လူကောင်းတွေ

ဘယ်လောက်တောင် တိမ်မြုပ်ပျောက်ကွယ်နေကြပြီလဲ ...

 

ဟိုတလောက ဒေါ်စု ပြောသွားတာလေး သဘောကျမိတယ်...

(ကျွန်တော် က ဒေါ်စုပြောသမျှ ထောက်ခံ ယုံကြည်တတ်သူတော့ မဟုတ်)

 

"ကျွန်မ အာဏာ လိုချင်ပါတယ် ၊ ဘာလို့ဆို အာဏာမရှိပဲနဲ့

ဒီနိုင်ငံတိုးတက်အောင် လုပ်ပေးနိုင်ဖို့ ခက်ခဲလို့

ကျွန်မ အာဏာလိုချင်ပါတယ်...

ဒီ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးကို ထိထိရောက်ရောက် သယ်ပိုးနိုင်ဖို့

အာဏာရမှ ဖြစ်မှာမှို့လို့ ကျွန်မ အာဏာ လိုချင်ပါတယ်" တဲ့

(စကားလုံးတွေ အတိအကျမဟုတ်ပါ ....

သဘောတရားကိုသာ ကျွန်တော် မှတ်မိသလောက် ပြန်တင်ပေးတာပါ...)

 

ဒီစကားဟာ တကယ် ရိုးသားပြီး ဆိုနိုင်ခဲတဲ့ စကားပဲ...

အထူးသဖြင့် အပေါ်ယံ စကားချိုချိုတွေ နဲ့သာ ယစ်မူးနေတတ်တဲ့

ကျွန်တော်တို့ လက်ရှိ လူ့ အဖွဲ့အစည်းအတွက်ပေါ့ ...

(ဒီစကားကို ဒေါ်စုမပြောပဲ တခြားလူသာ ပြောကြည့်....

အခုလောက်ဆို ဒီလူ တံတွေးခွက် ထဲ မြောနေလောက်ပြီ...)

 

ဒီတော့ လူတော်တွေ လူကောင်းတွေ

နာမည်ကြီးချင်တာ ပြသနာ မဟုတ်တဲ့အပြင်

နာမည်ကြီးအောင်တောင် ကြိုးစားသင့်ပါတယ် လို့ အားပေးချင်ပါတယ်....

ဒါမှ ကျွန်တော်တို့ လုပ်ချင်တာတွေ...လုပ်နေတာတွေကို

ပိုမို ကျယ်ပြန့် ထိရောက်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်...

 

ကျွန်တော်လည်း နာမည်ကြီးချင်ပါတယ်...

ကျွန်တော် ....ကျွန်တော့်အတွက်ရော

လူငယ်တွေ အတွက်ပါ တတ်နိုင်သလောက်

ကြိုးစားလုပ်ဆောင်ပေးနေတဲ့ ကျွန်တော့် Group လေးကို

လူများများသိစေချင်တာ (နာမည်ကြီးချင်တာပဲပေါ့...)

ဒါမှ လူငယ်တွေ ဒီထက် ပိုများများကို

ကျွန်တော်တို့ အပြန်အလှန်ကူညီနိုင်မှာပေါ့....

 

"လူတွေကို ကူညီရင်း ကိုယ်တိုင်လည်း အောင်မြင်တဲ့ ဘဝကို

တည်ဆောက်အောင်မြင်နိုင်ဖို့ နာမည်ကြီးဖို့ လိုမယ်ဆိုရင်

ကျွန်တော် နာမည်ကြီးချင်ပါတယ်..."

ခင်ဗျားတို့ (မိမိအတွက်သာမက မိမိရှင်သန်ရာ လူအဖွဲ့အစည်းတစ်ရပ်လုံးကို

တိုးတက်အောင်မြင်အောင် ကြိုးစားပေးနေတဲ့ လူတွေ)

အားလုံးကိုလည်း  နာမည် ကြီးစေချင်ပါတယ်..."

 

ရပ်တည်ချက်မကောင်းတဲ့ တကိုယ်ကောင်းသမားတွေ  နာမည်ကြီး

လွှမ်းမိုးနေတဲ့ခေတ်ကြီးမှာ ....

ရပ်တည်ချက်ကောင်းတဲ့ အတ္တ ၊ ပရ မျှတတဲ့ လူတော်လူကောင်းတွေဟာ

နာမည်ကြီးပြီး ပြန်လည် လွှမ်းမိုးနိုင်ဖို့ ကြိုးစားသင့်ပါတယ်....

 

ထပ်ပြောပါရစေ ....

ဒေါ်စု အာဏာလိုချင်တာ ပြသနာ မဟုတ်သလို...

 

"အတ္တ ၊ ပရ မျှတတဲ့ လူတော်လူကောင်းတွေ

နာမည်ကြီးချင်တာ ပြသနာ မဟုတ်ပါ..."

 

 

လေးစားလျှက်

ကိုဇင်ဇေ (STG)

"ပန်းတိုင်တွေ့၍ တွေ့သော ပန်းတိုင်အရောက်လှမ်းနိုင်ကြပါစေ"

29, December , 2012

www.facebook.com/sharingtogethergroup

Sharing Together Group 3rd Meeting

stg 3

STG 3rd Meeting အကြောင်းကို အကျဉ်းချုပ်

ပြန်လည် မျှဝေ ပေးပါ့မယ်ဗျာ ...

အခု တလော အလုပ်ပိနေလို့  နောက်ကျသွားတာပါ  ...

( ရှေ့လ ပိုပိဦးမယ် ထင်တယ် ... ;) )

တက်ရောက်ခဲ့တဲ့ အခြား မိတ်ဆွေများကလည်း

ကူညီပြီး မျှဝေ ပေးကြပါဦး...



ကို ဉာဏ်သစ်လွင်ကတော့  Information Management

အကြောင်းပြောပြသွားတာ အားရစရာပဲဗျ ...

အချိန်တို အတွင်းမှာ ခြုံငုံမိသွားစေတယ်...

ပြီးတော့ အမေးအဖြေ ပုံစံတွေ ထပ်သွားလိုက်တော့ ပိုပြီး ရသွားတာပေါ့...

ကိုယ့် လုပ်ငန်းအတွက် သတင်း စီးဆင်းမှူ ၊

စုဆောင်းမှု စနစ်တွေ ဟာ ဘယ်လောက် အရေးကြီးလဲ...

ဘာတွေ လုပ်လို့ရလဲ... (ပြိုင်ဘက်တွေထက် ကုန်ကြမ်းဘက်မှာရော

ဈေးကွက်ဘက်မှာပါ သတင်းအချက်အလက် အပေါ် မူတည်ပြီး အားသာနိုင်ကြောင်း)

ပြီးတော့ နိုင်ငံတကာမှာ ဒီလို ဝန်ဆောင်မှု ပေးနေတဲ့

Company တစ်ခု အကြောင်းနဲ့

ဒီ Company  ဟာ အခုဆို မြန်မာနိုင်ငံရဲ့ စီးပွါးလုပ်ငန်းတွေ အတွက်ပါ

ဝန်ဆောင်မှု ပေးနေနိုင်ပြီ ဖြစ်ကြောင်း (မခံချင်စွာ ;) ) သိလိုက်ရပါတယ်... ;)

 

ကိုဇော်ဝင်းထွဋ်ကတော့ အစုစပ် လုပ်ငန်း လုပ်ကိုင်တဲ့ အခါမှာ

ဆောင်ရန် ရှောင်ရန် အချက်တွေကို ကိုယ်ပိုင် ဘဝ အတွေ့အကြုံတွေနဲ့

သိုင်းဝန်းပြီး ရှင်းပြသွားတယ်ဗျ ...

ပြီးတော့ Accounting ဘာသာရပ်ဟာ

စီးပွါးလုပ်ငန်း လုပ်ကိုင်မယ့်သူ တစ်ယောက် အတွက်

အလွန် အရေးကြီးကြောင်း ...

ကိန်းဂဏာန်းတွေက ပြောသော ဘာသာစကားကို နားလည်နိုင်အောင်

ကြိုးစား ပြင်ဆင်ထားဖို့ လိုကြောင်း ဆွေးနွေးသွားပါတယ်ဗျာ...

နောက်တော့ ထုံးစံ အတိုင်း အမေးအဖြေ ပုံစံပေါ့...

( အဟဲ... ကျွန်တော်ပဲ လိုက်ပြီး စ စ မေးတာလေ ;) )

 

နောက် မမေစုကတော့ ဘဝမှာ ကိုယ်ဘာလိုချင်တာလဲ ...

ဘာဖြစ်ချင်တာလဲ... မသိခဲ့တဲ့ အားနည်းချက်ကြောင့်

ကြုံရတဲ့ ကိုယ်တွေ့ အခက်အခဲများ...

ပြန်လည် စဉ်းစား  ရွေးချယ်မှုများ အကြောင်းကို ပြောပြခဲ့ပါတယ်...

( ကိုယ်ပိုင် လုပ်ငန်းက အဆင်ပြေနိုင်နေလျှက်နဲ့

စင်ကာပူမှာ စာရင်းကိုင် တစ်ယောက် အနေနဲ့

အလုပ်သွားလုပ်မိခဲ့တာ သူမ အတွက်တော့

အမှား အရွင်း တစ်ခု ဖြစ်ခဲ့ကြောင်း

ပြောပြသွားခဲ့ပါတယ်... )

 

ကိုအောင် ကတော့ လူသစ်ဖြစ်ပေမယ့်  ...

အကောင်းဆုံး ပါဝင် အစွမ်းပြသွားတယ်ဗျို့ ... ;)

လက်ရှိ သူလုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်း အကြောင်း

ရှင်းပြသွားတယ်...

နောက်ထပ် တိုးချဲ့မယ့် လုပ်ငန်းတွေ အကြောင်းရောပဲပေါ့...

Powerpoint Presentation နဲ့ကို အသေအချာပြင်ဆင်ပြီး ပြောပြသွားတယ်...

ကျွန်တော်တို့လည်း သူ့လုပ်ငန်း နဲ့ ပတ်သတ်တဲ့

အကြောင်းတွေကို အသေးစိတ် ဝိုင်းဝန်းမေးမြန်း အကြံပေးကြတယ်...

သူက ရွှေမြေ (သန်လျှင် - တက္ကသိုလ် ၄ ခု ရှိရာ )  ရောက်နေတာဗျ....

နောက်တော့ သူလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာ

ဝန်ထမ်းတွေကို ဘယ်လို စီမံ ကိုင်တွယ် သလဲ ဆိုတာပါ

ရှင်းပြသွားခဲ့ပါသေးတယ်ဗျာ ...

 

ကျွန်တော်ကတော့ ဘာလို့ ထိထိရောက်ရောက် တွေးနိုင်ဖို့ လိုအပ်တာလဲ

ဘယ်လို ထိထိရောက်ရောက် တွေးကြမလဲ ဆိုတဲ့

Effective Thinking နည်းလမ်း ၇ ချက်ကို ဆွေးနွေးပေးခဲ့ပါတယ်ဗျာ ...

( ဒီနည်းလမ်း ၇ ချက်ကို ဆရာကိုတာ ၊ ဆရာ မြတ်ငြိမ်းတို့ရဲ့

ဘာသာပြန် စာအုပ်တွေက ရတဲ့ အချက်အလက်တွေရယ်...

ဆရာ ဦးကျော်သူ (KTA-EBS) ရဲ့ သင်တန်း တက်ပြီး ရခဲ့တဲ့ အချက်အလက်တွေရယ်ကို

ကျွန်တော့် အမြင်နဲ့ ပေါင်းစပ်ပြီး စုစည်း တင်ပြထားတာ ဖြစ်ပါတယ်... )

 

နည်းလမ်း ၁။

အတွေးကို လားရာပေးပါ ၊ အတွေးတိုင်းကို ချရေးပါ....

ကြုံသလို တွေးနေတာမျိုးမဟုတ်ပဲ

တစ်ခုဆို တစ်ခုမှာ လားရာပေးပြီး တွေးဖို့ပါ ...

PMI (Plus,Minus,Interesting)

(ကောင်းကျိုး ၊ ဆိုးကျိုး ၊ စိတ်ဝင်စားဖွယ် အလားအလာ )

လို့ ခေါ်တဲ့ အတွေး လက်နက်ကို သုံးပြီး

Analytical & Critical Thinking လုပ်ပါ

( Analytical-ခွဲခြမ်း စိတ်ဖြာပါ / Critical-စီစစ် အမှတ်ပေး ဆုံးဖြတ်ပါ )

 

နည်းလမ်း ၂။

ဘာကြောင့်ဆိုတာ အမြဲလိုက်တွေးပါ ...

ဖြစ်ရပ်တိုင်းရဲ့ နောက်က ဘာကြောင့်ဆိုတာ ကို အမြဲလိုက်တွေးပါ ...

အဖြေမရနိုင်တာတွေ ရှိခဲ့ရင်တောင် ...

အလေ့အထကောင်း တစ်ခု ဖြစ်လာပါလိမ့်မယ်...

အဖြေ ၁ ခု ထက် ပိုလာတာ ကိုလည်း တွေ့လာပါလိမ့်မယ်...

 

နည်းလမ်း ၃။

တစ်ချို့ ကိစ္စတွေမှာ ပြောင်းပြန် ပြန်တွေးကြည့်ပါ ...

အမြင် "ဘက်" ကို ပြောင်းလိုက်တဲ့ အခါ အမြင် လည်းလိုက်ပြောင်းသွားပြီး

တတိယ ထွက်ပေါက် တစ်ခု ရလာတတ်ပါတယ်...

 

နည်းလမ်း ၄။

အခြားသူများရဲ့ အမြင်ပေါင်းစုံကို တောင်းခံပါ ။

ဒါမှ ပိုမို စုံလင်တဲ့ ရှုထောင့် က ထွက်လာတဲ့ အဖြေ တစ်ခုရလာမှာပါ။

 

ဥပမာ လက်ပံတောင်း ကိစ္စလို ဟာမျိုးဆိုရင်

ဋ္ဌာန တိုင်း ၊ အဖွဲ့ အစည်းတိုင်းရဲ့ အမြင်ကို ပြန့်ကျဲမနေပဲ

စုစည်း တင်ပြနိုင်ဖို့ ကြိုးစားသင့်ပါတယ် ...

 

ဥပမာ

၁။ သတ္ထုတွင်း ဋ္ဌာန ရဲ့ လက်ပံတောင်းတောင် စီမံကိန်း သုံးသပ်ချက်

၂။ သစ်တော ဋ္ဌာန ရဲ့ လက်ပံတောင်းတောင် စီမံကိန်း သုံးသပ်ချက်

၃။ လယ်ယာ လူတန်းစား အဖွဲ့အစည်း ရဲ့ လက်ပံတောင်းတောင် စီမံကိန်း သုံးသပ်ချက်

၎။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု စောင့်ကြည့် အဖွဲ့အစည်း ရဲ့

လက်ပံတောင်းတောင် စီမံကိန်း သုံးသပ်ချက်

၅။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း ရဲ့

လက်ပံတောင်းတောင် စီမံကိန်း သုံးသပ်ချက်

၆။ နိုင်ငံရေး ( ပါဝါ ချိန်ခွင် ညှိရန် စောင့်ကြည့်သူ )  အဖွဲ့အစည်း ရဲ့

လက်ပံတောင်းတောင် စီမံကိန်း သုံးသပ်ချက်

( ကျန် ဋ္ဌာန တိုင်း ၊ အဖွဲ့ အစည်းတိုင်းရဲ့  အမြင်များလည်း ဖြည့်စွက်ပါ... )

စတာတွေကို စုစည်းပြီး တင်ပြနိုင်သင့်ပါတယ်...

(တစ်ယောက် တစ်ပေါက် ကတော့ အလကားပါပဲ.... )

 

တင်ပြတဲ့နေရာမှာ

၁။ စီမံကိန်းရဲ့ ကောင်းကျိုး

၂။  စီမံကိန်းရဲ့ ဆိုးကျိုး

၃။ စိတ်ဝင်စားဖွယ် ရှေ့အလားအလာများ

စတဲ့ ထောင့် ၃ ထောင့်နဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ် ...

ပြီးမှ  ဒီ အစီရင်ခံမှုတွေ အားလုံးကို ခြုံငုံပြီး

Critical Thinking လုပ်ပြီး ရလာဒ် သတ်မှတ် ဆုံးဖြတ်မယ်ဆိုရင်

အများကို စုစည်း ထုတ်ပြန်မယ်ဆိုရင်...

အများ လက်ခံနိုင်မယ့်...

အဖြေမျိုး ထွက်လာဖို့ ပိုပြီး ရှင်းလင်း လွယ်ကူလာနိုင်ပါတယ်...

 

နည်းလမ်း ၅။

ကျယ်ပြန့်အောင် တွေးပါ ...

ရနိုင်သလောက် အချက်အလက်တွေကို စုံလင်အောင်

ကောက်ခံ စုစည်း တွေးယူရမှာ ဖြစ်ပါတယ် ...

အချက်အလက်တွေကို Critical Thinking မလုပ်ခင်မှာ အရေးမကြီးဘူးဆိုပြီး

ကြိုတင် ချန်လှပ်တာမျိုး လုံးဝ မလုပ်ပဲ

အားလုံးပါဝင်အောင် စုစည်းရမှာ ဖြစ်ပါတယ်...

 

နည်းလမ်း ၆။

ဖောက်ထွက်တွေးပါ ။

အမြဲတန်း သမားရိုးကျကနေ ဖောက်ထွက်တွေးကြည့်ပါ...

ရလာဒ်ကို သုံးမယ် မသုံးဘူး ကြိုတင် မသိနိုင်ပေမယ့်

မဖြစ်မနေ တွေးကြည့်ပါ ...

( နာမည်ကြီး "9 Dots Example " ကို လူတိုင်းသိကြမယ်ထင်ပါတယ်... )

 

၇။ ဖြန့်ထွက်တွေးပါ ။

( ဖြန့်ကျက်တွေးတာ နဲ့  ဖောက်ထွက်တွေးတာကို

ပေါင်းစပ် အသုံးချဖို့ ဆိုလိုခြင်း ဖြစ်ပါတယ် ...)

 

ဒီ နည်းလမ်း ၇ ခု ကို အစဉ် အသုံးပြုခြင်းအား ဖြင့်

သာမန်ထက် ... လက်ရှိထက်... ပိုမိ ထိရောက်စွာ တွေးခေါ်နိုင်ကြပါစေလို့

ဆုမွန်ကောင်း တောင်းပေးရင်း...

 

လေးစားလျှက်

ကိုဇင်ဇေ ( STG )

" ပန်းတိုင်တွေ့၍ တွေ့သောပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ"

www.facebook.com/sharingtogethergroup

www.shaingkozinzae.wordpress.com

 

 

မှတ်ချက် ။ အချိန်ကိုငဲ့ပြီး အတိုချုံး လိုရင်း ရေးထားရတာ ဖြစ်တဲ့ အတွက်

လိုအပ်ချက်တွေ ရှိခဲ့ရင် တောင်းပန်ပါတယ် ....

ပြိုင်ပွဲတွေဆိုတာ အတော်ဆုံးလူတွေကို ရွေးတာမဟုတ်ပါဘူး...

taw win

တော်ဝင် စင်တာက ကြီးမှူးကျင်းပပေးတဲ့

"စာပေမြှင့်တင် လူ့စွမ်းအင်"

( စာရေး စာဖတ် စွမ်းရည် ပြိုင်ပွဲ )

ကျွန်တော် ဝင်ပြိုင်နေပါတယ် ....

 

ဒီပြိုင်ပွဲမှာ ...

ပြိုင်ပွဲဝင် ၁၉၈ ယောက်ကို ရသစာတမ်း ရေးတင်ခိုင်းပြီး

၈၀ ရွေးထုတ်တယ်....

ဒီလူတွေကို အင်တာဗျူးမေးပြီး ၅၀ ရွေးထုတ်တယ်...

ဒီလူတွေကို ဂျာနယ်ကျော် မမလေး ရဲ့ "သူလိုလူ" စာအုပ်ကို ဖတ်ခိုင်းပြီး

ဒီ စာအုပ်အကြောင်းကို ရေးဖြေ နဲ့

မေးဖြေ (စင်ပေါ်မှာ တင်ဆက်ဖြေဆိုမှု ) လုပ်ပေးပြီး

အယောက် ၂၀ ရွေးထုတ်လိုက်တယ် ...

 

ကျွန်တော် ဒီ အယောက် ၂၀ ထဲထိတော့ ပါခဲ့ပြီ ....

ဒါပေမယ့် ကျွန်တော် ပြောချင်တာ ဒီအကြောင်း မဟုတ်ပါဘူး....



"ပြိုင်ပွဲတွေဆိုတာ

အတော်ဆုံးလူတွေကို ရွေးတာမဟုတ်ပါဘူး"လို့ ပြောချင်တာပါ ....

ပြိုင်ပွဲတွေဆိုတာ

အမှတ် ပေး စည်းမျဉ်းနဲ့ အညီဆုံး (လို့ ဒိုင်တွေထင်တဲ့ ) လူတွေကိုသာရွေးတာပါ ...

အရမ်းတော်တဲ့ လူတစ်ချို့တွေ

ပြိုင်ပွဲတွေ ဝင်ပြိုင်ရမှာ စိတ်မပါဘူး...

မဖြတ်ကျော်နိုင်ဘူးဆိုတိုင်း ....

သူတို့ဟာ နိုင်သွား၊ ဖြတ်ကျော်သွားတဲ့လူတွေထက်

ညံ့လို့ လုံးဝ မဟုတ်ရပါဘူး ....

 

သူတို့ထဲက တစ်ချို့ဟာ အလွန်တော်တဲ့လူတွေ ဖြစ်ကြောင်း

ကျွန်တော် ကောင်းကောင်း သိခွင့်ရခဲ့လို့ပါ ...

 

လူ ၅၀ ပြိုင်ပွဲဝင်ရမယ့် စာအုပ်ကို ကြေညာ လိုက်ကတည်းက

"ဟာကွာ ဘာလို့ ဒီစာအုပ်ကြီး ရွေးရတာလဲ" ဆိုပြီး ထအော်တဲ့

သိပ်တော်တဲ့ ပြိုင်ပွဲဝင် တစ်ယောက် နဲ့ စကားပြောခွင့်ရခဲ့ပါတယ်...

အလွန်တော်တဲ့လူပါ  ...

စာတွေ အများကြီးဖတ်ခဲ့ပြီး ဖတ်နေနိုင်ဆဲ လူတစ်ယောက်ပါ...

ကျွန်တော်တောင် သူနဲ့ ရသ စာပေ အကြောင်း

အခု အချိန်မှာဆို

တန်းတူ လုံးဝ ယှဉ်ပြောနိုင်မှာ လုံးဝမဟုတ်ပါဘူး ...

ဒီနေ့ ခေတ်ပေါ် မြန်မာစာပေတွေရော

(ဘာသာပြန် ၊ မူရင်း မော်ဒန် ကဗျာ ၊စာတွေ) ကို

ဖတ်နိုင်အား ... ဖတ်ထားအားက ကြောက်ဖို့တောင် ကောင်းပါတယ် ...

 

ဒါပေမယ် သူ ဒီ လူ ၂၀ ထဲမှာ မပါဝင်ခဲ့ပါဘူး ...

ဘယ်ပါမလဲ...

သူ့ ယုံကြည်ချက် အတိုင်း ဒီ စာအုပ်မှာ

ဒေါ် မမလေးဟာ သူ့ခင်ပွန်း ဦးချစ်မောင် ကို

အလွန် အမင်း ချီးမြှောက်လွန်းပြီး

တခြား ခေတ်ပြိုင်နိုင်ငံရေးနဲ့ စာပေသမားတွေ ကို တအား မှိန်ထား ၊

ဦးချစ်မောင်က အားလုံးနီးပါးကို နောက်ကွယ်ကနေ

ထိန်းကြောင်း နေနိုင်တယ်ဆိုတဲ့ ဇာတ်ရုပ်မျိုး အထိ ဖွဲ့ထားတဲ့အကြောင်း

( ဒီစာအုပ်ကို လုံးဝမကြိုက်ကြောင်း ) ကို

စင်ပေါ်ကနေကို အတိအလင်း ပြောတာကိုး ...

 

(ဒီစာအုပ်ပါ အကြောင်းအရာတွေနဲ့ပတ်သတ်လို့

ဦးချစ်မောင်ကို လွန်လွန်ကျူးကျူး မြှင့်တင်ပြထားလွန်းတာကြောင့်

တခြား စာပေနဲ့ နိုင်ငံရေးသမားကြီးတွေ အတွက်

စိတ်ကသိကအောင့် ဖြစ်စရာ ဖြစ်နေတာမှို့ ...

သမိုင်းအတွက်လည်း အရေးကြီးတာမှို့...

တစ်ချို့ အချက်အလက်တွေ ပြင်ဆင်ပေးဖို့ ဒီစာအုပ်ကို

ဒုတိယ အကြိမ်ရိုက်နှိပ်ခါနီးမှာ ဆရာ"သိန်းဖေမြင့်"က

ဒေါ်မမလေးကို သွားရောက် ပြောဆိုခဲ့ပေမယ့်

ဒေါ်မမလေးက ဂရူမထားခဲ့ဘူးဆိုတဲ့

သမိုင်းအချက်အလက် တစ်ခု ကို သိခဲ့ပေမယ့်

ပြိုင်ပွဲ စည်းကမ်းအရ ဒါသာ ဖြေလိုက်ရင် မလွယ်ဘူးလို့တွေးမိတာရော

အချိန်မလောက်ငှတာရောကြောင့်

ဒီအချက်ကို သိသိကြီးနဲ့ ချန်လှပ်ခဲ့ရတဲ့ "ကျွန်တော်"ဟာ

သူ့ ကို ကြည့်ပြီး အရှက်ရမိပါတယ်...)

 

ကိုယ်မှန်တယ်ထင်တာကို ရဲရဲဝံ့ဝံ့ တင်ပြရဲတဲ့ ...

စာပေ ရော နိုင်ငံရေးပါ...

ပေးထားတဲ့ စာအုပ်လေး တစ်အုပ် အသေဖတ်ပြီး

လူကြိုက်မယ့် အဖြေမျိုး ဖြေပြရုံ မလုပ်ခဲ့တဲ့ လူတော် တစ်ယောက်ပါ ...

သူ့နာမည်က ကိုသန့်ဇင် တဲ့ ...

 

နောက် တစ်ယောက် ကိုအောင်မွန် ...

သူလည်း အေးဆေး တည်ငြိမ်လွန်းပြီး အရည်အချင်းရှိတဲ့

လူတစ်ယောက်ပါပဲ...

ဒါပေမယ့် မေးဖြေမှာ စင်ပေါ်ကနေ စစဦးဆုံးကြီး ဖြေရတဲ့သူ့အဖြစ်က

လန့်စရာပါ (ကျွန်တော်က ၄ ယောက် မြောက်ပါ )...

ဒိုင်တွေ မေးတဲ့ မေးခွန်းတွေက ဖြေလို့ သိပ်ကောင်းတဲ့ မေးခွန်းတွေ မဟုတ်လို့

သူ နစ်နာရတယ် လို့ မြင်ပါတယ်....

ရေးဖြေမှာလည်း အမှတ် ခွဲတမ်းကို ဂရူ သိပ်မထားမိပဲ...

ကိုယ် စိတ်ပါရာကိုသာ အသားတင် ဖြေဆိုခဲ့တာက သူ့အားနည်းချက်

ဖြစ်သွားခဲ့တယ်ထင်ပါတယ်...

(ကျွန်တော်လည်း ရေးဖြေမှာ သူ့လိုပါပဲ...

မေးဖြေမှာ ကံကောင်းပြီး ဖြေလို့ကောင်းတဲ့ မေးခွန်းတွေ မေးခံရလို့သာ

သူမပါလာပေမယ့် ကျွန်တော် တစ်ဆင့် တက်လာခဲ့တယ်လို့ မြင်ပါတယ်...

မဟုတ်ရင်တော့ ကျွန်တော်လည်း ပြုတ်သင့်ပါတယ်... )

ကျွန်တော်နဲ့ စကားပြောမိသလောက် စာပေလောကထဲသာ

ရောက်လာခဲ့ရင် လူငယ်တွေ အတွက်

အလွန် အကျိုးပြူနိုင်မယ့် လူတစ်ယောက်ပါ....

 

နောက် ကိုမောင်လတ်

သူလည်း အေးအေးဆေးဆေး နဲ့

စကား ပြောလိုက်ရင် တစ်လုံး တစ်လုံး အလွန် ထိထိမိမိ

ပြောတတ်တဲ့လူပါ ...

မပါ လာတာ အလွန် နှမြောဖို့ ကောင်းပါတယ် ...

သူ့ဆီကနေလည်း တန်ဖိုးရှိတဲ့

လူများစု မမြင်တဲ့ ထောင့်အမြင်တွေ ကြားရနိုင်တဲ့ လူပါ ...

 

နောက် တစ်ယောက်ကတော့

ပေါင်းတည်က ကျောင်းဆရာ ကိုဖြိုးဝေအောင် ပါ...

( သူကတော့  စကာတင် လူ ၂၀ ထဲ ပါဝင်လာပါတယ်...)

သူ့နာမည်ကို အရင်ခေါ်လိုက်တော့ ကျွန်တော်မရတော့ဘူးဆိုရင်တောင်

ကျွန်တော် သူ့ အတွက် အလွန် ဝမ်းသာမိပါတယ် ...

အရည်အချင်းရှိပြီး ရဲရင့် ရိုးသားတဲ့ လူတစ်ယောက်ပါ...

ကျောင်းဆရာ တစ်ယောက် အနေနဲ့သာမက

စာရေးဆရာ တစ်ယောက် အနေနဲ့ပါ တစ်ချိန်မှာ

ကျွန်တော်တို့တွေ အတွက် တန်ဖိုးသစ်တွေ မွေးဖွားပေးနိုင်မယ့်

အလားအလာ ကောင်းသူ တစ်ယောက်ပါ....

 

ဒီပြိုင်ပွဲကို

ကျွန်တော် အတော်လေး မအားတဲ့ကြားက ဝင်ပြိုင်ဖြစ်ခဲ့တာ

အခု စကာတင် လူ ၂၀ ထဲတော့ ပါလာပြီပေါ့ ...

ဘယ်လောက် အထိ ဆက်သွားနိုင်မယ် ကျွန်တော် မသိပါဘူး...

ကျွန်တော် တတ်နိုင်သလောက် လုပ်သွားမယ် ဆိုတာပဲ ရှိပါတယ်...

ဒါပေမယ့် ကျွန်တော် အတွက် အဖိုးမဖြတ်နိုင်တာ တစ်ခုက

ဒီလို အရည်အချင်းလည်းရှိပြီး စိတ်ရင်းကောင်းတဲ့ လူတော်တွေနဲ့

မိတ်ဆွေ ဖြစ်ခွင့်ရခဲ့တာပါပဲ ...

ဒီပြိုင်ပွဲဝင်ရလို့ ဒီလိုလူ တစ်ယောက်နဲ့ တွေ့ရရင်ကို တန်တယ်လို့

ကျွန်တော် ယူဆပါတယ် ...

ကျွန်တော်တို့တွေ စုစည်းပြီး လူငယ်တွေ အတွက်

ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ လုပ်နိုင်သလောက်

လုပ်ပေးသွားနိုင်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ် ...

 

Social Networking Skill တအားကောင်းတဲ့

(အိုဗာ ဖြစ်မှာတောင် ကြောက်ရတဲ့  :) )

ညီ အောင်ကောင်းစက်ဈာန် နဲ့လည်း

သိကျွမ်းခဲ့ရတာ ဝမ်းသာစရာပါ ...

 

 

"ခင်ဗျားတို့ မသိနိုင်ပေမယ့်လည်း ခင်ဗျားတို့အကြောင်းတွေ

ကျွန်တော် ဒီမှာ မှတ်တမ်းတင်ထားပါတယ် ....

လူငယ်တွေ အတွက်....

အသိပညာ ကို ငတ်မွတ်စွာ ရှာဖွေ ဖလှယ်လိုသူတွေ အတွက်...

ခင်ဗျားတို့ကို ကျွန်တော် အားကိုးပါရစေ..."

 

လေးစားလျှက်

ကိုဇင်ဇေ (STG)

www.facebook.com/sharingtogethergroup

7, Jan , 2013

စီးပွါးရေးစဖို့ အရင်း အနှီးရှာနေသူတွေ အတွက်

angel

စီးပွါးရေးစဖို့ အရင်း အနှီးရှာနေသူတွေ အတွက်...
Juat a tip ! :)

Angle Investor လိုချင်တဲ့လူတွေ
Fundraising , Bootstrapping စိတ်ဝင်စားတဲ့လူတွေ
တွေ့လိုက်မိလို့ အကြံပေးချင်ရုံ ...
သတင်းပေးရုံ သက်သက်ပါ... :)

အခု ဆိုရင် မြန်မာနိုင်ငံမှာ Business Plan ပြိုင်ပွဲတွေ
အတော်လေး လုပ်လာကြတာ သတိထားမိမှာပါ ...
တကယ်လို့ ကိုယ်က တကယ် အလေးအနက် ဖြစ်တယ်ဆိုရင်
ဒီပြိုင်ပွဲတွေကနေ
အဆက်အသွယ် ရှာကြည့်ဖို့ အကြံပေးချင်ပါတယ်...
ကိုယ့် လုပ်ငန်း အတွက် လည်း ခိုင်မာတဲ့
Business Plan ဆွဲပြီးသား ဖြစ်သွားတာပေါ့ ....
အဲဒီမှာ လုပ်ဖော်ကိုင်ဖတ်ကောင်း ဖြစ်လာနိုင်တဲ့လူတွေလည်း
တွေ့လာနိုင်တာပေါ့.... :)
( ဦးနှောက်ဖောက်စားရုံသက်သက် လူတွေကိုတော့ သတိထားဗျ :) )

ပြီးတော့ ကျွန်တော်တို့တွေ SMEs (Small & Medium Entreprise )တွေ အတွက်
Platform တစ်ခုလောက်ဖြစ်လာအောင်တော့
ကြိုးစားနေတယ်ဗျ ...
အချိန်တော့ လိုသေးတာပေါ့ဗျာ ...
အခူ လောလောဆယ်တော့ နီးစပ်ရာတွေ စုထားပြီး
Network ချိတ်ထားစေချင်တယ်...
တူတာ တွဲလုပ် မတူတာ ခွဲလုပ်ကြတာပေါ့ဗျာ... :)


ကျွန်တော်လား... အဟဲ ကျွန်တော်လည်း ရှာတုန်းဗျ... :)
ကိုဇင်ဇေ (STG)
www.facebook.com/sharingtogethergroup

ဒေါသနဲ့ ရေးတဲ့ ကဗျာ

korea
ဒေါသနဲ့ ရေးတဲ့ ကဗျာ....

ရှက်ဖို့ကောင်းလိုက်တာ ...
မြန်မာတွေ ဓား မထုတ်ခင်
ကိုးရီးယားက ဇက် ခုတ်သွားပြီးပြီ ...

ယဉ်ကျေးမှူများ တွန်းတိုက်မိခြင်းမှာ
ကျွန်တော်တို့တွေ
စိတ်ပျက်ဖွယ် မရှိမလှ ရှုံးနေပြီ ...

ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ..
ကျွန်တော်တို့ ဘာလုပ်သင့်သလဲ...

ကုလားကို ပူရတယ် ...
တရုတ်ကို ပူရတယ် ..
မြင်ရတဲ့ ဓားတွေကြားမှာ ကျုပ်ကတော့
မမြင်ရတဲ့ ဒီဓားကိုလည်း ပူရတယ် ...

နောက်ကျောက ထိုးထားတဲ့ဓား...
နှစ်ကာလတွေ ကြာပြီမှို့ ...
ငါတို့ အမျိုးသားတွေ ယဉ်ပါးခဲ့ကြပြီလား...

ရိုးရာ ခြင်းပညာကို ဖော်ထုတ်တဲ့..
ရိုးရာ ဆိုင်းဝိုင်းမှာ ...
အဆိုတော်က "ဆိုင်းကြိုက်တဲ့မောင်" ရယ် ...
"ဟေ့ ကိုကိုဒေါင်း" ရယ် ...
" အပါး.. အပါး... အာပွါး အာပွါး " တဲ့ ...
ဟယ် ..ရာရာစစ ခွေးမျိုးရယ် ...
ဆိုင်းဝိုင်းဟာ နင်နဲ့ မတန်
အိမ်ကိုသာ ပြန်လေရော့... ။

ပါးစပ်ဆော့တဲ့ နင့်အမျိုးတွေရယ် ...
ဟို"ဂန်းနာ" ရှိတဲ့ ...
ကိုးရီးယားမှာသာ (*) ခံလေရော့ ...။

မှတ်ချက် ။
( အပါး=အိုပါး )

ကိုဇင်ဇေ (STG)

အပြောင်းအလဲ

change

အပြောင်းအလဲဆိုတာ...

နောက်လူ တစ်ယောက် ...
နောက် အချိန်အခါ တစ်ခု ကို စောင့်နေရင်...
အပြောင်းအလဲဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး ...
ငါတို့ဟာ ငါတို့ စောင့်နေခဲ့တဲ့ လူတွေပဲ...
ငါတို့ဟာ ငါတို့ ရှာဖွေနေတဲ့ ပြောင်းလဲခြင်းပဲ...

Barack Obama
Adapted by ကိုဇင်ဇေ (STG)

ခရိုနီ တွေ မကောင်းဘူး

eco2

ခရိုနီ တွေ မကောင်းဘူးလို့ ဝါးလုံးရှည်နဲ့
သိမ်းကြုံးရမ်းရတာ လွယ်ပါတယ် ...
ဒါပေမယ် မကောင်းဘူးဆိုတဲ့ ခရိုနီတွေလောက်တောင်
ကိုယ်က အလုပ်အကိုင် အခွင့်အရေးတွေ ဖန်တီးပေးနိုင်ရဲ့လား...
(မိသားစုပေါင်း များစွာကို ထမင်းကျွေးထားနိုင်ရဲ့လား)
တိုးတက်ရာ တိုးတက်ကြောင်း ဖန်တီးပေးနိုင်ရဲ့လား...
လိုအပ်တဲ့ နေရာတွေကို လိုအပ်သလို ပေးကမ်းထောက်ပံ့နိုင်ရဲ့လား...

ဒီမိုကရေစီ ပေါက်စ မြန်မာနိုင်ငံလေး မပြောနဲ့...
သိပ်ပြီး အင်အားကြီးပါတယ် ဆိုတဲ့
ဒီမိုကရေစီ နိုင်ငံကြီးတွေမှာတောင်...
စီးပွါးရေးသမားတွေ
အဖွဲ့အစည်းကြီးတွေဟာ အစိုးရကို ပလဲနံပ သင့်အောင် ပေါင်းထားကြတာပဲ...
ဒီထက်ပိုဆိုးရင်အစိုးရကို မွေးတောင် မွေးစားထားနိုင်သေးတယ်...

ဒီတော့ ခရိုနီ ဝါးလုံးရှည်နဲ့ ပတ်ရမ်းနေသ၍ အကျိုးရှိမှာ မဟုတ်ဘူး..

ဒေါ်စုကို လေးစားပါတယ်ဆိုတဲ့ လူတွေ
တခါတလေ ဒေါ်စုလောက်
ပေါင်းသင်း ဆက်ဆံရေးနဲ့ လူထုကောင်းဖို့ မြှော်မြင်နိုင်တာလေးတွေ
ရှိကြရင်ကောင်းမယ်...

"အပြစ်တင်နေလို့ ဘယ်သူမှ (ဘယ်သူမှ ) ကောင်းမလာဘူး ..."
ခင်ဗျားတို့ နိုင်ငံအတွက် တကယ်ကောင်းစေချင်ရင်
(ရင်ထဲက ပစ္စည်းမဲ့ ဒေါသတွေ မြိုချထားလိုက်ပြီး )
ပူးပေါင်းဆောင်ရွက်နိုင်အောင်လုပ် ...
အပျော့ဆွဲ နဲ့ ကိုယ်လိုချင်တာ ...
အများအကျိုးရှိနိုင်တာ ကို ရအောင် လုပ်...

"ဘေးထိုင် ဘုပြော မနေနဲ့
စကားလုံးတွေ ဘောလော ပေါ်နေတာ အမြင်ကတ်တယ် "

လေးစားလျှက်
ကိုဇင်ဇေ (STG)

www.facebook.com/sharingtogethergroup

ခရိုနီ တွေရဲ့ စီးပွါးရေးတွေ အကုန်ရပ်လိုက်မယ် ... EcoPolitics 1

eco1
တစ်ခွန်းတည်း မေးပါရစေ ...
ခရိုနီ တွေရဲ့ စီးပွါးရေးတွေ အကုန်ရပ်လိုက်မယ် ...
မျိုးချစ် စစ်စစ် ကြီးတွေထဲက
ဘယ်သူတွေ ဒီနေရာ ၊ ဒီ လုပ်ငန်းတွေ ကို ဝင်ယူနိုင်လဲ ပြော...

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှူတွေနဲ့ပဲ
ဝင်လာပြီး တိုင်းပြည်ကို စီးပွါးရေးနဲ့ မြိုသွားလိမ့်မယ်...
ဒီ နိုင်ငံခြားသားတွေကရော ခရိုနီတွေလောက်တောင်
ကိုယ့် တိုင်းပြည် ကို ကြည့်ပါ့မလား ...
မထင် ...

ကိစ္စတိုင်းဟာ အကြောင်းရှိလို့ အကျိုးဖြစ်နေတာဗျ ...
လူထုဟာ သူနဲ့ တန်တဲ့ အစိုးရကို ရတယ်...
သူနဲ့ တန်တဲ့ စီးပွါးရေးကို ရတယ်...
( မြန်မာနိုင်ငံဟာ အခု အချိန် အထိ
မက်ခရို စီးပွါးရေး အဆင့်မှာ သယံဇာတ ထွက်ကုန်ကို အားကိုးရတဲ့
အဆင့်မှာပဲ ရှိနေသေးတယ်...
ဒါကြောင့် ဒီ စီးပွါးရေးတွေပဲ တကယ် အမြတ်အစွန်းကြီးလို့
လုပ်နိုင်သူတွေ က လုပ်နေဦးမှာပဲ ...)
ခရိုနီ လမ်းစဉ် မလိုက်ပေမယ့် တကယ် ချမ်းသာလာအောင်
လုပ်နိုင်ခဲ့တဲ့လူတွေလည်း ရှိတာပဲဗျ...

ကျွန်တော် ပြောချင်တာက
ခရိုနီတွေ ကို ကောင်းလှပါတယ် ...
မွေးထားပါလို့ ပြောချင်တာမဟုတ်ဘူး...
ဒီ လူတန်းစားဟာ ရှိဆဲ ၊ အင်အားကောင်းဆဲ ၊
ရှိနေမြဲ ဖြစ်တဲ့ အတွက်
သူတို့ကို ဆူပူ အပြစ်တငတဲ့ နည်းနဲ့
ရင်ဆိုင်နေလို့ အကျိုးမရှိဘူး ....
ကြိုတင် ခြိမ်းခြောက်နေလို့ အကျိုးမရှိဘူး လို့ ပြောချင်တာ...
(ဟိုလူတွေ သောက်မြစ်ကပ်လာလို့
တစ်ချက်လောက် လှည့်လိုက်ရင်
တိုင်းပြည် ချောက်ထဲ ကျသွားလိမ့်မယ်
လူထူ ကိုယ်ခံအားက ဘယ်လောက် ကောင်းနေပြီ မှို့လို့လဲ...)

ဒေါ်စု...သူတို့ကို ဘယ်လို သဘောထားလဲ...
ပါးပါးလေးဗျာ... တကယ် ပါးပါးလေး...
သူတို့ကို ပြင်ဆင်ခွင့်ပေးလိုက်ပါ ...
အလင်းဝင်ခွင့်ပေးလိုက်ပါ...
(လက်နက်နဲ့ တိုက်ခဲ့တဲ့လူတွေကိုတောင်
ငြိမ်းချမ်းရေး ယူခဲ့ကြသေးရတာပဲ...)
တရုတ်ကြီး ကုလားကြီး ကုလားဖြူကြီးတွေထက်တော့
သူတို့ထဲက တစ်ချို့တွေက မြန်မာနိုင်ငံ မြန်မာလူမျိုးကို
ကောင်းစေချင်ပါလိမ့်မယ်...
(သူဘာသာ မျက်နှာဖုံး ၁ ထပ် မကလို့
၁၀ ထပ် ပဲ စွပ်စွပ် ...
အဓိက က ကျွန်တော်တို့ သာမန် လူတွေ အတွက်
အခြေခံ လူတန်းစားတွေ အတွက်
အလုပ်အကိုင် အခွင့် အရေးတွေရှိဖို့ ပဲ ...
ကျွန်တော်တို့ အမျိုး ၊ ဘာသာ ၊ သာသနာအတွက် လိုအပ်ချက်တွေကို
သူတို့ဆီက ရအောင် အနုနည်းနဲ့ တောင်းယူနိုင်ဖို့ပဲ...)

"အတွေးအခေါ်ဟာ လက်တွေ့မကျရင် အလကားပဲဗျာ ..."
ခင်ဗျားက ခရိုနီ ပပျောက်ရေး လိုချင်လား ...
ဖြစ်နိုင်မယ် ထင်ရင် လုပ်ပေါ့ဗျာ ...
"ကျွန်တော်ကတော့ ခရိုနီ တွေ ပပျောက်ဖို့ထက်
ခရိုနီ တွေ စိတ်ပြောင်းဖို့ ကို ပိုမျှော်လင့်တယ်..."
(စစ်တပ် ကြီးစိုးမှူကို ချက်ချင်းပပျောက်အောင်လုပ်ဖို့ထက်
စစ်တပ် က ကြီးစိုးသူတွေရဲ့ စိတ်နေစိတ်ထားကို
ဖြည်းဖြည်းချင်း ပြောင်းလဲဖို့က လက်တွေ့ကျတယ် ...)
( ဒါမှ ကျွန်တော်တို့တွေ
အပြောင်းအလဲ ကာလမှာ အထိ မနာမှာ ...)

ကျွန်တော်တို့ လူထုကို
စီးပွါးရေး အသိတွေ ...
နိုင်ငံရေး အသိတွေ ကျယ်ကျယ်ပြန့်ပြန့်ပေးခွင့်ရလာရင်
ပိုကောင်းတဲ့ အစိုးရ....
ပိုကောင်းတဲ့ စီးပွါးရေး ပုံစံ ၊ အခြေအနေကို ရလာမှာပဲ...

"ဒီလို လူထုူကို အလင်းပြတဲ့ အခါမှာ
အမုန်းတရားတွေ ဆွပေးပြီး သွေးထိုးပေးနေတာထက်
အပြုသဘောဆောင် စိတ်တွေ
ရရင် ရသလောက် ဖြစ်အောင် လုပ်နိုင်တယ် ဆိုတဲ့စိတ်တွေ
ထည့်ပေးနိုင်ဖို့ လိုတယ်လို့ ယုံကြည်လို့
ကျွန်တော် ဒီစာမျိုးတွေ ရေးတင်တာပဲ..."

(အပျက်တွေပြော ၊ အတင်းတွေ ပြောလို့
လူထု ကြီးပွါးတိုးတက်မယ် ထင်ရင်တော့ ချဗျာ ၊
ကျွန်တော်တို့တော့ မပါနိုင်ဘူး ...)

"သေလောက်အောင် ကျပ်တည်းနေပလေ့စေ
အခွင့်အရေးဆိုတာ ရှိတယ်...
ဖိအားတွေ ကန့်သန့်ချက်တွေကို
တွန်းအားတွေ ကျော်လွှားစရာတွေ အဖြစ် မြင်နိုင်ရင်
အောင်မြင်မှာပဲ..."

ခင်ဗျားတို့ လုပ်နိုင်ပါတယ် ...
ခင်ဗျားတို့ လုပ်နိုင်ပါတယ် ...
ခင်ဗျားတို့ လုပ်နိုင်ပါတယ် ...

လေးစားလျှက်
ကိုဇင်ဇေ (STG)

မှတ်ချက် ။ ။
အခု အချိန်အထိ
ကျွန်တော့် အယူအဆ တွေ အပေါ်မှာ
ယဉ်ယဉ် ကျေးကျေး ဆွေးနွေးပေးကြလို့
ကျေးဇူး အထူးတင်ပါတယ် ... :)

ဘာမှ ပြောမနေပါနဲ့တော့ ....

dont say

If you don't have anything valuable to say,
don't say anything at all.

မင်းမှာ တန်ဖိုးရှိတာ တစ်ခုခု ပြောစရာမရှိရင်
ဘာမှ ပြောမနေပါနဲ့တော့ ....

လေးစားလျှက်
ကိုဇင်ဇေ (STG)

"ပြောင်းလဲနေသော ဘဝများ" ( ဆုရ စာမူ )

chaing
"ပြောင်းလဲနေသော ဘဝများ"“ ဟူး…”
ကိုရင်ငြိမ်း တစ်ယောက် သက်ပြင်း ငွေ့ငွေ့ ချမိသည် ။
ဒီ ပြသနာ ဖြစ်နေတာ အတော် ကြာနေပြီ ဖြစ်သော်လည်း
အဖြေ တစ်ခု ရေရေရာရာ ရဖို့ အလွန် ခက်ခဲ နေမှန်း သူ ကောင်းကောင်း သိပါသည် ။
မပြေလည်သော သူတို့ ဘဝများ အတွက် ပြေလည်ရာ ပြေလည်ကြောင်း
သူ ဒီကိစ္စကို ကြိုးပမ်းကြည့်မိခြင်း သာ ဖြစ်ပါသည် ။

စစချင်း မှာပင် "မဖြစ်နိုင်ပါဘူး" ဆိုသော စကားများ
"နာမည် ကြီးချင်နေတာပါကွာ" ဟူသော စကားများ၏ ဝေဖန်တိုက်ခိုက်မှုကို
သူ အတော်ပင် ကြိုးစားကျော်လွှားခဲ့ရသည်။ လုပ်နေရင်းနှင့် လွှတ်ချလိုက်ပြီး အရင်လို
"ဗိုလ်နေမြဲ ကျားနေမြဲ" ပြန်နေလိုက်ဖို့လည်း သူ မကြာခဏ စဉ်းစား မိခဲ့သည် ။

သူ့မှာ ဘာမှ မရှိပါ ။ ဘာဆို ဘာမှ မရှိပါ ။ဖြစ်ချင်စိတ် တစ်ခု တည်းသာ ရှိပါသည် ။ ဖြစ်သင့်သည် ဟု ယုံကြည်ချက် လည်း မဝံ့မရဲ ရှိမိသောကြောင့် ဒီကိစ္စကို
သူ အခု အချိန် အထိ ကြိုးစားပမ်းစား အကောင်အထည် ဖော်နေခဲ့ခြင်းပင် ဖြစ်ပါသည်။

မသိ နားမလည်၍ ကြောက်ရွံ့ ငုံ့ခံနေကြရရှာသော လူအများစုကို နားလည်အောင် သူ ကြိုးစားပမ်းစား ရှင်းပြ ပြောပြခဲ့ရသည် ။ မိမိတို့၏ လက်ရှိ အခြေအနေ ၊ လုပ်နိုင်စွမ်း ၊ အလားအလာ နှင့် ရသင့်သည့် အခွင့် အရေးများကို သူတို့သိလာအောင် သူ ကြိမ်ဖန်များစွာ ရှင်းပြခဲ့ရသည် ။ သူတို့မျက်လုံးများကတော့ မယုံတစ်ဝက် ယုံတစ်ဝက် ၊ မယုံရဲ ယုံရဲ နှင့် ။

သူ ကိုယ်တိုင်ရော …
လက်တွေ့တွင် ဤမျှ အစစ အရာရာ လွယ်ကူလိမ့်မည် မဟုတ်မှန်း သူ သိပါသည် ။ ဒါပေမယ့် စ ကို စ မှ ရတော့မည် ဟု သူ့ ယုံကြည်ချက် အတိုင်း စခဲ့ခြင်းသာ ဖြစ်ပါသည် ။ နိုင်သလောက် တော့ တွန်းကြည့်ရမည် ဟု သူ ခံယူ လုပ်ဆောင်ခဲ့ ခြင်းသာ ဖြစ်ပါသည် ။

သူတွေးနေဆဲ ဇနီး ဖြစ်သူဤ စကားသံက တိုးဝင်လာသည် ။
"ကိုရင် ဟိုလူတွေ ပြောတဲ့ ကိစ္စ စဉ်းစားပြီးပြီလား "
သူ ခပ်လေးလေးပင် ခေါင်းရမ်းရင်း ပြောမိသည် ။
"မပြောတတ်သေးပါဘူးကွာ ။ ငါလည်း မဆုံးဖြတ်ဝံ့သေးပါဘူး။ မင်းရော ဘယ်လို မြင်လို့တုန်း… " ပြောရင်း ဇနီးဖြစ်သူ၏ ကို လှမ်းကြည့်မိသည် ။
ဇနီးဖြစ်သူက စကားတစ်ခွန်းပြောရန် ရည်ရွယ်ရင်း သူ့ကို လှမ်းအကြည့်
မျက်လုံးချင်း ဆုံလိုက်ကြသည် ။ ဇနီးဖြစ်သူ၏ လည်ပင်းမှ သွေးကြောလေးများ တစ်ချက် လှုပ်ရှားပြီး ပြန်လည် ငြိမ်သက်သွားပုံကို တွေ့လိုက်ရတော့
သူတို့ နှစ်ဦး တစ်ဦးကို တစ်ဦး အပြန်အလှန် နားလည်နေကြပြီး ဖြစ်သည်ကို
သိရှိလိုက်ရသည် ။

"ကိုရင့် သဘောပါပဲ ။ ကျွန်မကတော့ ကိုရင် ဆုံးဖြတ်တာ ၊ လုပ်တာကိုပဲ
အားပေးရမှာပေါ့ " ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သံကို ကြားလိုက်ရင်း

သူအတွေးများက ထပ်လွင့်သွားပြန်သည် ။
အိမ်မှာ စားစရာ လုံလုံလောက်လောက် မရှိမှန်းသိသော်လည်း အလုပ်ထ မလုပ်နိုင်သော သူ့ အဖြစ်ကိုသူ ခေါင်းစဉ်တပ်၍ ရှင်းပြရန် ခက်ခဲနေပါသည် ။

ဟိုတစ်နေ့ကလည်း ကလေး တစ်ယောက်လာသည် ။အရင်လို စိုစိုပြည်ပြည်နှင့်
အများတကာကို တတ်နိုင်သလောက် ကူညီတတ်သော သူ့ဆီကို အားကိုးတကြီး
လာခဲ့ရှာခြင်း ဖြစ်သည် ။ သူ့ဖခင်အတွက် ဆေးဖိုးဝါးခ အခက်အခဲ ဖြစ်နေရှာသည်။
အလုပ်ခွင်မှာ သားအဖ နှစ်ယောက် အလုပ် အတူ လုပ်ကြရင်း ဖခင်ဖြစ်သူမှာ
ခြေထောက်ကို ထိခိုက် ဒါဏ်ရာ ရခဲ့ခြင်း ဖြစ်သည် ။ တောင်းပန်လွန်းမက
တောင်းပန်၍ အလုပ်ရှင်ထံမှ ဒါဏ်ရာကုရန် ထောက်ပံ့ကြေးလေး ရရှာသည် ။

ဤငွေသည် ဖခင် ၏ ဒါဏ်ရာကို သက်သာ ပျောက်ကင်းစေရင်
အထောက်အပံ့ ကောင်းစွာ ဖြစ်သင့်သော်လည်း ကံမကောင်း အကြောင်းမလှစွာပင်
သူ့ဖခင်မှာ ဆီးချို ရောဂါပါ စွဲကပ်နေကြောင်းသိလိုက်ရသည်။ ဆီးချိုကြောင့် အနာကျက်ခဲလှသည့်အပြင် တစ်နေ့တစ်ခြား ပိုဆိုးလာနေသည် ။
ရှိစုမဲ့စု ငွေလေးများနှင့် ဖခင်ကြီး၏ ကျန်းမာရေးကို အတတ်နိုင်ဆုံး ချွေးနှင့် ဆက်နေ ရရှာသည် ။

ဤ လူငယ်ကို သူအလွန်ပင် ကူညီ ချင်ပါသည် ။ကူလည်း ကူညီခဲ့ဖူးပါသည် ။သူကိုယ်တိုင်ပင် အလုပ်ရှင်ထံသို့ လိုက်သွားပြီး ထပ်မံ တောင်းဆိုပေးခဲ့သော်လည်း
အလုပ်ရှင်ထံမှ အလုပ်လုပ်ရင်း ရသည့် ဒါဏ်ရာသာ သူနှင့် ဆိုင်လျှင် ဆိုင်မည်။
ဆီးချို ကြောင့် ဖြစ်သည့် ဒါဏ်ရာတော့ သူနှင့် မဆိုင်ဟူသော တုံ့ပြန် စကားသာ ရခဲ့လေသည်။ ထပ်ပြောလျှင် လက်ရှိလုပ်နေဆဲ ဒီကလေးအတွက်ပါ အလုပ်အခြေအနေ စိုးရိမ်ရ၍ သူတို့ ခေါင်းငိုက်စိုက်ချ ပြန်ခဲ့ရပါသည်။

အချို့ ကိစ္စတွေမှာ ဘောင်ထဲက အတိုင်းပင် လုပ်ရင်း လူတစ်ယောက် ကို သေစေနိုင်သည်ကို သူ နားလည်ခဲ့ရပါသည် ။ နည်းနည်းတော့ ဘောင်ပြင်လေး ထွက်စေချင်မိပါသည် ။ သနား ကရုဏာ နှင့် လူသားချင်း စာနာမှု ဖြင့် ဘောင်ပြင်ကလေး ခဏတော့ ထွက် ၍ လုပ်ပေးစေလိုပါသည် ။

အရင်တစ်ခါက တတ်စွမ်းသ၍ လူအား ၊ ငွေအား ကူညီပေးလိုက်နိုင်သော်လည်း
ယခု တစ်ခါတော့ သူလည်း မစွမ်းသာတော့ပါကြောင်း ဒီကလေးကို ပြောလိုက်ရသည်မှာ ရင်ထဲ အတော်ပင် မကောင်း ဖြစ်ခဲ့ရပါသည် ။

"သူ့ကံပဲလေ" ဟု ဖြေတွေးရင်း "ကိုယ့်ကံ ဘယ်တော့ ရောက်လာမလဲ " ဟု တွေးပူနေမိခဲ့ပါသည် ။

အခုတော့ သူတွေးသလို ဖြစ်လာခဲ့ပြီ ထင်သည် ။ ဒီကိစ္စကြီး ဖြစ်လာကတည်းက
ဒီလို အခြေအနေမျိုး ဖြစ်သွားနိုင်သည် ဟု တွေးမိသော်လည်း ဒီလောက် ကြာကြာ ဖြစ်နိုင်လိမ့်မည်ဟု မထင်ခဲ့ မိပါ ။ ဒီကြားထဲတွင် သဘောရိုး နှင့် လာရောက် ကြည့်ရှု ကူညီသူများလည်း ရှိခဲ့ပါသည် ။ အားပေးကြသည် ။ တိုင်ပင်ကြသည် ။ မိမိတို့၏ လိုအပ်ချက်များကို ရင်နှင့် ရင်း၍ ခံစား နားလည် ပေးခဲ့ကြသည် ။ စခဲ့မိသည့် အလုပ်ကြီး တစ်ခုကို ပြီးဆုံးအောင် တောင့်ခံနိုင်ရန် ထိုက်သင့်လောက် အားပေးကူညီ ခဲ့ကြပါသည် ။ အားလုံး အဆင်ပြေသွားပြီး "သား ရွှေအိုး ထမ်းလာကိန်း" မျိုး မိမိတို့ ကြုံချင်လှပါသည် ။

"ဒီ ဗေဒါတွေ အံကိုမှ ခဲနိုင်ပါတော့ မလား" ဟု တွေးပူရင်း ညပေါင်းများစွာ
ဖြတ်သန်း ခဲ့ရသည် ။ အများ သိသွားပြီ ဆိုလျှင် မျှော်လင့်ချက် အိပ်မက် ကလေးများရောင်စဉ် သန်းလာသော်လည်း လက်တွေ့တွင် ဘာမှ ဖြစ်မလာသေးသည်မှာ
ကြာလှပြီ ဖြစ်သောကြောင့် သူတို့ထဲ က အများစုမှာ အားယုတ်စ ပြုလာနေပြီ ဖြစ်သည်။

"ရွှေပြည်တော် မျှော်တိုင်းဝေး" လည်း မဖြစ်ချင်ပါ ။ "ရွှေပြည်တော်" ကြီးလည်း မလိုချင်လှပါ ။ သူတို့ လိုချင်သည်မှာ အချိန်မှန် မပူမပင် စားသောက် နေထိုင်နိုင်ရုံ ၊ သားသမီးများကို အများတန်းတူ ပညာ သင်ကြားပေးနိုင်ရုံ နှင့် တစ်ခါတစ်ရံ စိတ်လက် အပန်းဖြေရန် အချိန်အားလေးများ ရလာရုံမျှသာ ဖြစ်ပါသည် ။ဒီကိစ္စလေးများ ဖြစ်လာဖို့ ဘာကြောင့် ဒီလောက်တောင် ခက်ခဲရှည်ကြာနေရမှန်း သူ တစ်ခါတစ်လေ နားမလည်နိုင်ပါ ။ နားလည်အောင် ကြိုးစားချင်စိတ် ကုန်ခမ်းလာသည် ဆိုလျှင် ပိုမှန် ပါလိမ့်မည်။

"အဖေ သားတို့ သွားတော့မယ် " သားကြီး နှင့် သားငယ် တို့၏ နှုတ်ဆက် ထွက်ခွာသွားသံက သူ့နားထဲ တိုးဝင်လာသည် ။ သူတို့လေးတွေ၏ ကျောပြင်ကို

ကြည့်ရင်း သူတို့လေးတွေ အတွက် လှပသည့် အနာဂတ် တစ်ခု တည်ဆောက်ပေးနိုင်ရန် မိမိ ဘာတတ်နိုင်သေးသလဲ ဟု စဉ်းစားကြည့်မိသည် ။ မိမိတို့မှာ ငွေမရှိပါ ။ ဂုဏ်မရှိပါ ။ ကျောထောက်နောက်ခံ အသိုင်းအဝိုင်း ကောင်းနှင့် လက်ဖျားငွေသီးနိုင်မည့် ပညာရပ် မျိုး မတတ်ကျွမ်းပါသောကြောင့် သားသမီးတို့ အတွက် ထားခဲ့နိုင်သော အမွေသည် ယခု စခဲ့ပြီး အလုပ်ကို ပြီးဆုံးအောင် ဆက်လုပ်ဖို့ပင် ဖြစ်ကြောင်း သူအသိပြန်ဝင်လာမိသည် ။

သူ့ အတွက် ဖြတ်လမ်းများကို မက် နေလို့ မဖြစ်ပါ ။ ခဏတာလေး အဆင်ပြေမှုကို မက်၍ တစ် ဘဝ စာ ၊ မျိုးဆက် တစ်ခု စာ ယိုင်နဲ့နေသော အခြေအနေများကို လက်ဆင့်ကမ်းပေးခဲ့လျှင် သူတို့ မတရား ရာ ကျပါလိမ့်မည် ။ ယခု လို ထပ်မံ စဉ်းစားမိမှပင် ရင်ထဲက အစိုင်အခဲကြီး ကြေ တော့သည် ။

ယတိပြတ် ဆုံးဖြတ် ပြီးသည့် အခါမှ သူ ပြုံးနိုင်လာသည် ။ မျက် လုံး ကိုမှိတ် ၊ အံကို ကြိတ်ရင်း ကိုရင် ငြိမ်း တစ်ယောက် အားရပါးရ ပြုံးနိုင်လာသည် ။ ထို့နောက် ဇနီး ဖြစ်သူထံသို့ အော် ပြောလိုက်မိသည် ။

"မိန်းမရေ ငါ သွားတော့မယ်ကွာ ။ ဟိုလူတွေ ပြောတဲ့ ကိစ္စတွေ ဘာတစ်ခုမှ လက်မခံတော့ဘူး ။ ငါတို့ ဖြစ်သေးရဲ့ မဟုတ်လား " ဇနီး ဖြစ်သူက မီးဖိုချောင်ထဲမှ ပြန်ထွက်လာရင်း သူ့မျက်နှာကို သေချာ ကြည့်ရှာသည် ။ သူ့မျက်နှာကို သေချာ မြင်တော့ သူတို့ လင်မ ယား ည အိပ်ရာဝင်တိုင်း ပြောနေကျ သူ့စကားများကို ပြန်လည်ကြားယောင်လာလေဟန်တူသည် ။ယောကျာ်း ဖြစ်သူ မျက်နှာ ပြောင်းလဲသွားပုံကို ကြည့်ရင်း သူမလည်း ရင်ထဲမှာ အားသစ်များ ပြန်ရလာဟန် တူသည် ။

" ကိုရင့် သဘောပါ ကိုရင် ရယ် ။ ထား ကတော့ ကိုရင်တို့ ရည်မှန်းချက် အောင်မြင်ပါစေလို့ပဲ ဆုတောင်းပေးနေပါ့မယ် " ဟု ပြုံးရင်း ပြန်ပြောလေသည် ။

ကိုရင် ငြိမ်း တစ်ယောက် ဇနီးသည် ၏ စကားသံအကြား ကျေနပ်စွာ နှုတ်ဆက် ထွက်ခွာလာခဲ့သည် ။

သူ့ကို လစာ နှင့် ခံစားခွင့် တိုးပေး ပြီး အားလုံးကို ချွေးသိပ် ဖြေရှင်းပေးရန်
ကမ်းလှမ်းလာသော သူ့ အလုပ်ရှင်ကို လည်းကောင်း ၊
သူတို့ အပေါ်မှာ အလုပ်ရှင်များက တကယ် မကျူးလွန်သော အပြစ်များကို
ကျူးလွန် သယောင် ဖန်တီးပြောဆို၍ လူအများ၏ သနားဂရုဏာ နှင့်
အုံကြွမှူကို ဖန်တီးစေလိုသော အယောင်ဆောင် နိုင်ငံရေးသမားများ နှင့်
ပြည်ပ မီဒီယာ ဆိုသူများ ၏ "ခင်ဗျား နာမည် ကြီးအောင် လုပ်ပေးမယ် "
"နောက်ဆို ထောက်ပံ့ကြေးတွေ အများကြီး ရမှာ" ဟူသော ကမ်းလှမ်းချက်များကို လည်းကောင်း လက်ခံ ရယူခြင်း မရှိပဲ
သူ နှင့် သူ့ လို ဘဝတူ အလုပ်သမားများအတွက် တရားဥပဒေ ဘောင်အတွင်းမှ
ပြောင်းလဲပေးပါရန် တရားဥပဒေ နှင့် အညီ ငြိမ်းချမ်းစွာ ဆက်လက်တောင်းဆိုရန်အတွက်

ဟင်း ရယ်လို့မပါသော ထမင်းချိုင့် လေးကို ဆွဲရင်း ကိုရင် ငြိမ်း တစ်ယောက် ထွက်လာခဲ့ခြင်း ဖြစ်ပါသည် ။

ပြောင်းလဲ ဖို့အတွက် အခွင့်အရေးတွေ ရှိနေချိန် ၊ တစ်စ တစ်စ ပြောင်းလဲနေချိန်မှာ သူလည်း ပြောင်းလဲခြင်း ဖြစ်စဉ်ထဲတွင် မှန်မှန်ကန်ကန် စီးမျောလိုက်ပါလိုပါသည် ။

ကိုဇင်ဇေ (STG)
၁၈ ၊ ၁ ၊ ၂၀၁၃
zinzae@gmail.com
09- 4311 5202

ကျွန်တော် နှင့် "ပြောင်းလဲနေသော ဘဝများ" (ဧရာ ဝတီ စာပေပွဲတော်)

me n
ကျွန်တော် နှင့် "ပြောင်းလဲနေသော ဘဝများ" (ဧရာ ဝတီ စာပေပွဲတော်)ကျွန်တော် ရှေ့ဆက်မယ့် ခရီးအတွက်
အားတက်စရာ ခြေလှမ်းတစ်ခုတော့ ပီပီပြင်ပြင် ချနိုင်ခဲ့ပါပြီ ...
"ဧရာ ဝတီ စာပေပွဲတော်" တဲ့ ...
ဒီပြိုင်ပွဲကို စိတ်ဝင်စားခဲ့မိတာက
ပေးထားတဲ့ ပြိုင်ပွဲဝင် စာမူ ခေါင်းစဉ် ကြောင့်ပါ ...
"ပြောင်းလဲနေသော ဘဝများ"

စွန့်ဦးလုပ်ငန်း စတင် တည်ထောင် သူများ အတွက် မေးခွန်း"

busine

"စွန့်ဦးလုပ်ငန်း စတင် တည်ထောင် သူများ အတွက် မေးခွန်း"

စွန့်ဦးလုပ်ငန်း စတင် တည်ထောင် သူတွေ အနေနဲ့
မိမိကိုယ်ကို မေးသင့်တယ်လို့ ထင်တဲ့ မေးခွန်းတွေပါ...
Checklist အနေနဲ့လဲ သုံးနိုင်ပါတယ် ...
ကျွန်တော်လည်း ကျွန်တော် ကိုယ်တိုင်အတွက် အလွန်အသုံးဝင်လို့
စီးပွါးရေး ကြီးပွါးရေး ဝါသနာပါသူ မိတ်ဆွေများကို
ရေးသား မျှဝေပေးတာပါဗျာ ...
ဆရာကြီး လုပ်တာမဟုတ်ပါ ... :)
ဝေဖန် ဖြည့်စွက် အကြံပေးကြပါဦး ...
နောက်ထပ် မေးခွန်းလေးတွေ ဆက်ပြီး တင်ပေးသွားပါဦးမယ်... :)

၁။ သင် အခု လက်ရှိ လုပ်နေတာ ဘာပါလဲ
၂။ ဒီ လုပ်နေဆဲ အလုပ်ကို အဆုံးသတ်ဖို့ အချိန် ဘယ်လောက် လိုပါသလဲ
၃။ သင့်ရဲ့ နောင် ရလာမယ့် ဖောက်သည်တွေ အကြောင်းကို
တွေးတောလေ့ ရှိပါသလား
၎။ သင့်ရဲ့ ပထမဆုံး ဈေးကွက်တင်မယ့် ထုတ်ကုန် ၊ ဝန်ဆောင်မှု အတွက်
အချိန် ဘယ်လောက် ယူပြီး ပြင်ဆင်ခဲ့ပါသလဲ
၅။ သင့်ရဲ့ နောင် ရလာမယ့် ဖောက်သည်တွေ ၊
အလားအလာရှိတဲ့ ဖောက်သည်တွေကို
အချိန်ပေးပြီး ထင်မြင်ချက် အကြံပြုချက်တွေ တောင်းလေ့ရှိပါသလား
၆။ ဘယ်လို လူမျိုးတွေကို သင်အလိုရှိပါသလဲ
၇။ သင်လိုချင်တဲ့ အရည်အချင်းတွေ ရှိတဲ့လူကို သင်သိပါသလား
၈။ ဒီလိုလူမျိုးကို သင် ဘယ်ကနေ ရှာမလဲ
၉။ သူတို့ကို သင်နဲ့ အတူ အလုပ်လုပ်ဖြစ်အောင် ဘယ်လို စည်းရုံးမလဲ
၁၀။ စည်းရုံးပြီးတဲ့ အခါ ရေရှည် ဆက်ဆံရေးတည်မြဲဖို့ ဘယ်လို ထိန်းထားမလဲ

လေးစားလျှက်
ကိုဇင်ဇေ (STG)
"ပန်းတိုင်တွေ့ ၍ တွေ့သောပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ "

www.facebook.com/sharingtogethergroup

ဘဝဆိုတာ ကစားပွဲ မဟုတ် ... ကစားနည်း

733954_588131697882718_118845461_n

 

ဘယ်နှခါ ရှုံးရှုံး မသေသေးသရွေ့
ပြန်စလို့ရတယ် ...
ရ ရမယ်...
ဘာတွေပဲ ဖြစ်ဖြစ်
ပြန်စလို့ ရတယ်....
ရရမယ်...
ပြန်စတဲ့ အနေအထားဟာ အရင်နဲ့ တူချင်မှ တူမယ် ...
( ဒါပေမယ် တခါတလေများ.... အတွေ့အကြုံကြောင့်
ပိုကောင်းရင် တောင် ကောင်းလာဦးမယ်.... )

"ဘဝဆိုတာ ကစားနည်းတွေ အများကြီးပေါင်းထားတဲ့
ကစားပွဲ တစ်ခုပဲ ...
မင်း စိတ်ဓာတ်ရှင်သန်နေသေးသ၍
ကြိမ်ဖန်များစွာ ပြန်စလို့ ရတယ် ...
ရ ရမယ်...."

လေးစားလျှက်
ကိုဇင်ဇေ (STG)