Tuesday, November 27, 2012

STG 2nd Meeting

Image

ဒီ တစ်ခေါက် STG 2nd Meeting လေးအကြောင်းကို
အကျဉ်းချုံးတင်ပေးပါ့မယ် ...
ပွဲကတော့ လူ အတော်လေး များလာတယ်ဗျ ... :)
အရင် အသင်းဝင်ဟောင်းတွေရဲ့ မိတ်ဆွေတွေနဲ့
အသင်းဝင် အသစ်တွေ ပါ လာကြတာဆိုတော့
၁၅ ယောက်လောက်တော့ ရှိမယ်ထင်ပါတယ်...

အဓိက ကတော့ ကျွန်တော်တို့တွေ
အပိုင်း ၃ ပိုင်း ခွဲပြီး လုပ်ဖြစ်ခဲ့တယ် ...
၁။ အသင်းဝင်တွေ အချင်းချင်း မိတ်ဆက်ခြင်း
၂။ ကျွန်တော် Presentation လုပ်ခြင်း
၃။ အသင်းဝင်တွေက ဒီနေ့ ရသွားတဲ့
နှစ်သက်ရာ Idea တွေ ပြန်လည် ဆွေးနွေးပြောကြားခြင်း
ဆိုပြီးတော့ပေါ့ ...

ကျွန်တော် မျှော်လင့်ထားသလိုပါပဲ...
ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်နေသူထက်
လက်ရှိ ကျောင်းတက်ဆဲ သို့မဟုတ် ဝန်ထမ်း လုပ်နေဆဲလူတွေ
ပိုပြီး များနေတာကို တွေ့ရပါတယ်...ဒီတော့ ကျွန်တော့်အနေနဲ့ Startup ကို တန်းမသွားပဲ
လိုအပ်မယ့် အခြေခံ အယူအဆတွေ နဲ့
ဘယ်လို လူတန်းစားမျိုးမဆို သုံးစွဲလို့ ရနိုင်တဲ့
အယူ အဆတွေကို စတင် မိတ်ဆက်ခဲ့ပါတယ်...

ပထမဆုံး STG အကြောင်းကို ကျွန်တော် ရှင်းပြခဲ့ပါတယ်...
STG ဟာ ဘာလဲ ...
STG ဟာ ဘာအတွက်လဲ...
STG ဟာ ဘယ်သူတွေ အတွက်လဲ... စသဖြင့်ပေါ့...

အဓိက ကတော့ ကျွန်တော်တို့ ပုရွက်ဆိတ်လေးတွေ စုပြီး
ဆင်လောက်ကြီးတဲ့ အကောင်တွေကို ရင်ဆိုင်နိုင်အောင်

ပြင်ဆင်ထားနိုင်ဖို့ပါ ...
ကျွန်တော်တို့ဟာ ခရိုနီတွေ မဟုတ်ဘူး ...
အဆက်အသွယ်ကောင်းတွေ နောက်ခံကောင်းတွေ
မွေးရာပါ ရမလာကြဘူး...
အရင်း အနှီး များများ မရှိဘူး ...
စီးပွါးရေး ပညာ ၊ အတွေ့အကြုံတွေ သိပ်မရှိကြသေးဘူး ...

ဒါပေမယ့် ဘဝမှာ အောင်မြင်ချင်ကြတယ် ...
သာမန် သူလို ကိုယ်လို ရှင်သန်သွားရတာထက်
လွတ်မြောက်စွာ ရှင်သန်နေထိုင်လိုကြတယ် ...
ကျွန်တော်တို့ မျိုးဆက်တွေ အတွက်
အကောင်းဆုံးတွေ ချန်ထားချင်ကြတယ် ...

ဒီတော့ တစ်ဦး တစ်ယောက်ချင်းထက်စာရင်
အသိုင်းအဝန်း ကောင်း တစ်ခု ဖန်တီး တည်ဆောက်ပြီး
သွားရင်ပိုပြီးခရီးရောက်လိမ့်မယ် ...
ခြေကုန် လက်ပန်းကျလာရင် အားပေး ကူညီမယ် ...
အကြံဉာဏ်တွေ ပေးကြမယ် ဖလှယ်ကြမယ် ...

ဒါဟာ STG ကို ဘယ်လို ဖြစ်စေချင်တယ် ...
ဖြစ်အောင် ကြိုးစားသွားမယ်ဆိုတဲ့
ကျွန်တော်တို့ရဲ့ အိပ်မက်ပါပဲ...
ဒီတော့ ကျွန်တော်တို့နဲ့ အိပ်မက်ချင်း တူတဲ့လူတွေ အတွက်
ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်...
အချင်းချင်း အပြန်အလှန် မျှဝေရင်း ကြိုးစားနိုင်ပါတယ်...

ကျွန်တော်တို့ အတွက် ယနေ့ခေတ်မှာ
ပညာရေး (၃) မျိုးရှိနေကြောင်း...
1. Academic Education
2. Professional Education
3. Financial Education (+Life Skills)

Financial Education မိတ်ဆက် အနေနဲ့
Robert Kiyosaki ရဲ့ ESBI အကြောင်းကို
အနည်းငယ် ပြောပြဖြစ်ခဲ့ပါတယ် ...
ကျွန်တော်တို့တွေ မိမိပင်ကို အရည်အသွေးကို
တိုးတက်အောင်ပြုလုပ်ခြင်းဆိုတဲ့
"လှေကား" ကိုသာ အာရုံစိုက်မနေဘဲ
မိမိ ရောက်ရှိနေတဲ့ လုပ်ငန်း နယ်ပယ်ရဲ့ သဘောသဘာဝ
"နံရံ" ကိုပါ သတိထား လေ့လာသင့်ကြောင်း ဆွေးနွေးခဲ့ပါတယ်...

ဒုတိယ အနေနဲ့တော့ ကျွန်တော်တို့ဟာ
သာမန်ထက်သာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့
...သာမန်ထက်သာတဲ့အရည်အချင်းမျိုးတွေ
ဝန်ထမ်းဘဝမှာပဲ ဖြစ်ဖြစ် ...
ကိုယ်ပိုင်လုပ်ငန်းရှင် ဘဝမှာပဲ ဖြစ်ဖြစ် ...
သိရှိ ပိုင်ဆိုင်နိုင်အောင် ကြိုးစားရမှာ ဖြစ်တဲ့ အကြောင်းနဲ့
ဒီလို ဖြစ်အောင်ဘယ်လို လုပ်နိုင်မလဲဆိုတာကို

ဆွေးနွေးပေးခဲ့ပါတယ် ...

Competitive advantage
1.1 Specialization (အထူးပြူ လေ့လာကျွမ်းကျင်ခြင်း)
1.2 Differentation (ခွဲခြား ကွဲပြားအောင် လုပ်ကိုင်နိုင်ခြင်း)
1.3 Segmentation (အပိုင်းအကန့်လိုက် သီးခြားရှူမြင်
ကြံဆောင် လုပ်ကိုင် နိုင်ခြင်း)
1.4 Concentration (ရလာဒ်ကောင်း ထွက်စပြူလာတဲ့ နယ်ပယ်မှာ
ပိုမို အာရုံစူးစိုက် လုပ်ဆောင်ခြင်း)
စတဲ့ နည်းလမ်းတွေကို အကျယ်ဆွေးနွေးပေးခဲ့ပါတယ်....

ပြီးတော့ လုပ်ငန်းရှင် အနေနဲ့ပဲ ဖြစ်ဖြစ်
ဝန်ထမ်းတွေ အနေနဲ့ပဲ ဖြစ်ဖြစ်
အချိန်စီမံခန့်ခွဲနိုင်စွမ်း နဲ့ ရလာဒ်ထွက်ရှိအောင်

လုပ်ကိုင်နိုင်စွမ်းတိုးတက်လာဖို့အတွက်
အရေးကြီးတဲ့ အချက် ၆ ချက်ကို ဆွေးနွေးပေးခဲ့ပါတယ်....

Time management and productivity
Self-discipline
6 principles
1.Develop clear goals n objectives
2.Plan everyday in advance
3.Seperate the urgent from the important (4 quadrants)
4.The law of forced efficiency
5.Practice zero based thinking continually
6.Become intensely action oriented
စတဲ့ အချက်တွေ ဖြစ်ပါတယ် ....

နောက် ခေါင်းစဉ် တစ်ခုအနေနဲ့ကတော့
Start up အကြောင်းပါပဲ...
လူတွေ အများကြီးရွေးချယ်ထားတဲ့ လမ်းရိုးက ခွဲထွက်ပြီး
တစ်ယောက်တည်း ရဲရဲရင့်ရင့် ခွဲထွက်လာရတဲ့ လမ်းမျိုး

ဖြစ်တာကြောင့် စိတ်ဓာတ်ခိုင်မာဖို့ လိုကြောင်း
သင်ကြားလေ့လာရမယ့် နေရာဟာ
စာသင်ခန်းမှာသာ မဟုတ်ပဲ
လမ်းပေါ်မှာ (ဈေးကွက်ထဲမှာ) လက်တွေ့
သင်ရင်းလုပ် ၊ လုပ်ရင်း သင် သွားရမှာ ဖြစ်ကြောင်းပေါ့...

ပြီးတော့ ကလေးတွေကို လူကြီးတွေရဲ့ အတိုင်း
ချဉ်းကပ်ဆက်ဆံလို့မရသလို ...
( ကလေးတွေရဲ့ သဘော သဘာဝဟာ လူကြီးတွေကို
ဆွဲချုံ့ပြီး ရလာတဲ့သဘော သဘာဝနဲ့
အလွန်ကွဲပြားခြားနားနေပြီး
တစ်သီးတစ်သန့် ဖြစ်နေကြောင်း ... )

Startup တွေကိုလဲ Company ပုံစံ ချဉ်းကပ်စဉ်းစားပါက
အံမဝင်မှုတွေ များနိုင်ကြောင်း ဆွေးနွေးခဲ့ပါတယ် ...

Company တွေဟာ Strategy ဆွဲ ...Plan ချပြီး
တစ်ခုပြီး တစ်ခု အကောင်အထည်ဖော်သွားတဲ့
"Execution" ပုံစံမှာ အဓိက ထားရပြီး
Startup တွေကတော့ Plan ဆွဲဖို့ ကို Plan ပြန်ဆွဲနိုင်မှ
အဆင်ပြေမှာ ဖြစ်ကြောင်း ...
"Execution"ံထက် "Searching" ကို အဓိကထားပြီး
လုပ်ရမှာ ဖြစ်ကြောင်း...
Searching လုပ်ရင်း တွေ့တဲ့ အပေါ်မှာမှ
Plan ပြန်ဆွဲရင် ပိုပြီး လက်တွေ့ဆန်ဆန်ချဉ်းကပ်နိုင်မှာ
ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ် ....

ပြီးတော့ Startup တွေအတွက် အရမ်းအဖိုးတန်တဲ့
Business Model Canvas တစ်ခုကို ချပြပြီး
ပါဝင်တဲ့ Factors တွေကို
တစ်ခုချင်း ရှင်းပြဆွေးနွေးသွားခဲ့ပါတယ် ...

1. Value Proposition
2. Customer Relationships
3. Channels
4. Customer Segments
5. Partners
6. Activities
7. Resources
8. Cost
9. Revenue Streams
တို့ပဲ ဖြစ်ပါတယ် ...

ဒါတွေ ဆွေးနွေးရင်းနဲ့ တကယ် လက်တွေ့
မြန်မာနိုင်ငံစီးပွါးရေးလောကမှာ
ဖြစ်ပျက်နေတဲ့ Case Studies တွေကို
ဆွဲထုတ် တင်ပြ ဆွေးနွေးသွားပါတယ် ...
မြန်မာနိုင်ငံရဲ့ လက်ရှိ E-commerce လှုပ်ရှားမှု အခြေအနေတွေနဲ့
အလားအလာကို ပြောပြပေးခဲ့ပါတယ် ...

Marketing Channels တွေအကြောင်း...
Passive Vs Active Media တွေအကြောင်း...
မိမိရဲ့ ကြော်ငြာကိုအခမဲ့ ပါအောင် လုပ်လို့ ရနိုင်လား...
ရရင် ဘယ်လို လုပ်နိုင်တယ် ဆိုတဲ့ လုပ်နည်းတွေ အကြောင်း...
တကယ် လုပ်တတ်ရင် ဒီ အခမဲ့ ကြော်ငြာတွေရဲ့
ထိရောက်မှုက တောင် ပိုကောင်းနေနိုင်ကြောင်းတွေ ...
ဆွေးနွေးခဲ့ပါတယ် ...

ပြီးတဲ့အခါ အသင်းဝင်တွေက
နှစ်သက်ရာ Idea တွေ ပြန်လည် ဆွေးနွေးပြောကြားခြင်း ကို
ပြူလုပ်ပြီး ...

နောက်ဆုံးမှာတော့ ကျွန်တော့်တို့ ရဲ့ ဆွေးနွေးမှူကို
ကျွန်တော်တို့ STG ရဲ့ Culture အနေနဲ့
"Share for You
Share for Me
Share for Us
Share the Best"
ဆိုတဲ့ စာသားကို စုရုံး ရွတ်ဆိုပြီး
ပျော်ရွှင်စွာအဆုံးသတ်ခဲ့ပါတယ် ...

PS : စာလည်း အတော် ရှည်သွားပြီ မှို့ ဖတ်ရတာ
ညောင်းနေရော့မယ် ...
၂ နာရီကျော်စာ ဆွေးနွေးမှုကို
ဒီလောက်ပဲ ပြန်ရေးပေးနိုင်တာကို
ခွင့်လွှတ်နားလည်ပေးပါလို့
တောင်းပန်ရင်း ...

လေးစားလျှက်
ကိုဇင်ဇေ (STG)



Sunday, November 11, 2012

ကျွန်တော်တို့ တွေ ဘာမှားနေလဲ ?

[caption id="attachment_169" align="alignnone" width="300"] Blame Game[/caption]

ကျွန်တော်တို့ တွေ ဘာမှားနေလဲ ?

အစိုးရ ကို ချည်း အားကိုး မနေပါနဲ့....
အစိုးရ ကို ချည်း အပြစ်တင် မနေပါနဲ့ ...
အစိုးရ ကို ချည်း တောင်းဆိုမနေပါနဲ့ ...
အစိုးရ ကို ချည်း ညာသံပေးနေမနေပါနဲ့ ...


ကျွန်တော်တို့ အားလုံးမှာလဲ တာဝန်ရှိပါတယ် ...
တာဝန်ကျေအောင် လုပ်ရပါမယ် ...အစိုးရမှာပဲ တာဝန်ရှိတယ်လို့ ယူဆချက်က
ကိုယ် ခေါင်းရှောင်ချင်ရုံ သက်သက်
အနေချောင်ရင် ပြီးရောဆိုတဲ့ လူမျိုးတွေရဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်...

ဒီလို စိတ်ဓာတ်မျိုး လူထူမှာ ရှိနေရင် အန္တ ရာယ် ကြီးပါတယ် ...
" ငါနဲ့ မဆိုင်ဘူး ငါတို့ အလုပ် မဟုတ်ဘူး ...
သူတို့ ပဲ လုပ်ရမှာ ..." ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိနေတဲ့
လူများစု ရှိနေသ၍ ကျွန်တော်တို့ ဘယ်တော့မှ
မှန်မှန်ကန်ကန် မတိုးတက်နိုင်ဘူး....

ပါးစပ်က "လိုချင်တယ် ...ပေးပါ..."လို့ ပြောတဲ့ အလုပ်ကတော့
လူတိုင်း လုပ်နိုင်ပါတယ် ....
"လိုချင်တယ် ငါတို့ ဘာလုပ်ပေးရမလဲ" ဆိုတဲ့
စိတ်ဓာတ်မျိုးရှိလာမှ လူလားမြောက်တယ် ...
ဒါဟာ နိုင်ငံရေးသက်သက် ထက်
လူပီသဖို့ အရေးအတွက်ပါ ဖြစ်တယ်...

ဒီမိုကရေစီ လိုချင်ရင်
ဒီမိုကရေစီ စိတ်ဓာတ်ရှိထားဖို့လိုတယ် ...
ဒီမိုကရေစီ မှာ စံယူပြောဆိုနေရမြဲဖြစ်တဲ့
အမေရိကန် တွေရဲ့ စိတ်ဓာတ်တွေထဲက တစ်ချို့ကို
ခံယူနိုင်ဖို့လိုအပ်တယ်...
တာဝန်သိဖို့ တာဝန်ယူဖို့ဆိုတာ...
အစိုးရ အလုပ်သာ မဟုတ် ....
လူထု အတွက်ပါ ဖြစ်တယ်...

အဓိက ကတော့ လူတိုင်း လူတိုင်း ကိုယ့်မှာ
တာဝန်ရှိတယ်ဆိုတာ သိကို သိရမယ် ...
တာဝန်ကျေအောင်လည်း လုပ်ရမယ်....
"နားခါးလည်း ဒါဟာ အမှန်တရားပဲ..."

လှည်း တစ်စီးကို ရှေ့က ဆွဲတဲ့လူတွေ
တော်ရကောင်းရမှာ ဖြစ်သလို
နောက်က တွန်းတဲ့လူတွေက လည်း
တော်ရကောင်းရမှာ ဖြစ်တယ်...
ဆရာ အောင်ထွန်းသက် ပြောခဲ့သလို
လှည်းဘီးက လေးထောင့်ကြီး ဖြစ်နေမယ် ဆိုရင်လည်း အဆင်ပြေမှာ မဟုတ်ဘူး....
အခု ဒီ လေးထောင့်ကြီး ကို အဝိုင်းပြောင်းနေပါပြီ ...
လူတိုင်းမှာ တွန်းဖို့ တာဝန် ရှိတယ် ...
ညာသံ ပေးနေရုံနဲ့ မလုံလောက်တော့ဘူး...
နိုင်ငံရေး ... နိုင်ငံ့အရေးဆိုတာ
ပါတီတွေ အာဏာ ပြိုင်ရုံ သက်သက် မဟုတ်ဘူး ....
လူထု ကပါ ရေချိန် မြင့်ဖို့လိုတယ် ...
ဖုံးထား ... ကာထားတာတွေ
ဖျက်သင့် သလောက် ဖျက်လိုက်ပြီမှို့ ...
တစ်ဦးချင်း တစ်ယောက်ချင်း
ငါတို့ ဘာလုပ်နိုင်မလဲ ...
အချိန်ပြည့် တွေးနေ... မေးနေ...လုပ်နေ ဖို့လိုပါတယ် ...

လေးစားလျှက်
ကိုဇင်ဇေ (STG)

အမေရိကန် သမ္မတ John F. Kennedy....
"And so, my fellow Americans: ask not what your country can do for you — ask what you can do for your country.
My fellow citizens of the world: ask not what America will do for you, but what together we can do for the freedom of man."
John F. Kennedy- 35th President of the United States