Wednesday, October 31, 2012

ရင့်ကျက်တယ် ဆိုတာ

[caption id="attachment_166" align="alignnone" width="300"] www.facebook.com/zin.zae[/caption]

ရင့်ကျက်တယ်ဆိုတာ...
"၁. မလုပ်သင့်သေးတာကို သိတာ ....
၂. လုပ်သင့်ပေမယ့် လုပ်ဖို့ အခြေအနေ မပေး...
မအောင်မြင်နိုင်ပေးတာကို သိပြီး သည်းခံနိုင်တာ ...
၃. လုပ်သင့်ပြီး လုပ်ရင် အောင်မြင်နိုင်မယ့် အခြေအနေမျိုးကို
တွက်ချက်စဉ်းစားပြီး ...
လက်တွေ့အကောင် အထည် ဖော်နိုင်တာ..." လို့ ပဲ
အဓိပါယ် ဖွင့်ရတော့မှာပေါ့ဗျာ ... :)
ကိုဇင်ဇေ (STG)

Thursday, October 18, 2012

E-Commerce လုပ်ဖို့ အတွက် လိုတာလေးတွေ ...



ကဲ ဒီလောက်တောင် စိတ်ဝင်စားခံနေရတဲ့... :)
E-Commerce လုပ်ဖို့ အတွက် လိုတာလေးတွေ စတင်ဆွေးနွေးကြည့်ပါမယ်...

ကျွန်တော်တို့တွေ...
ပထမဆုံး ကိုယ့်ရဲ့ စီးပွါးလုပ်ငန်း အမျိုးအစားကို ရွေးရပါမယ်...
၁.Tradingအရောင်းအဝယ်လား
၂. Manufacturingထုတ်လုပ်ရေးလား
၃. Service ဝန်ဆောင်မှူလား


အဲဒီ အပေါ်မှာ မူတည်ပြီး အွန်လိုင်းမှာ စီးပွါးရှာဖို့ စီမံကိန်းစဆွဲရမှာပဲ...
Business Plan ပေါ့ ...ဒါပေမယ့် တခါတလေ ကျွန်တော် စဉ်းစားမိတယ် ...
ကျွန်တော်တို့ အများစုဟာ ကိုယ့်ဘဝ ကို ဘယ်လို ရှင်သန် ရပ်တည်သွားမယ်ဆိုတဲ့
Personal Plan (Goal Setting (who u r ,what u want to be, when),

SWOT,Planning) တောင် ဆွဲထားရမှန်း မသိသူတွေ ...
ဆွဲချင်ပေမယ့် ဘယ်က စဆွဲရမှန်း မသိသူတွေ များတော့ ...
စီးပွါးလုပ်ငန်း စီမံ ကိန်း ဆွဲဖို့ ဆိုတာ ပြောသလောက်တော့ မလွယ်နိုင်ဘူး...
ကျယ်ပြန့်တဲ့ ကိစ္စဆိုတော့ အွန်လိုင်းမှာ ဆွေးနွေးရတာ အားမရဘူး ...
တကယ်ဆို Goal Setting ကတင် ၃ နာရီစာ လောက် ပြောစရာတွေ ရှိတာ...ထားပါတော့ ...
ကျွန်တော်တို့ E-commerce အတွက်၁.ပထမဆုံး ကိုယ့်ရဲ့ စီးပွါးလုပ်ငန်း
အမျိုးအစားကို ရွေးရပါမယ်...
၁.၁ အရောင်းအဝယ်လား
၁.၂ ထုတ်လုပ်ရေးလား
၁.၃ ဝန်ဆောင်မှူလား

၂. ဒီ အပေါ်မှာ မူတည်ပြီး ... ကိုယ်လုပ်မှာ ...
(B to B) OR (B to C) လား ပေါ်လာလိမ့်မယ် ..

၃. ကိုယ်က ဒီ စီမံကိန်းအတွက်

၃.၁ Generalist
(Management,Communication,Human Skills,
HR-finding right people,
General knowledge on every subjects concerned,etc...) လုပ်မှာလား ...

၃.၂ Specialist (Web design/programming ,
Online Marketing, Data Collector) လုပ်မှာလား ...ထပ်ရွေးရမယ် ...

၎. ဒါမှ ကိုယ်ဘာတွေ လေ့လာ ပြင်ဆင် ရမလဲ ရှင်းရှင်းလင်းလင်း မြင်လာလိမ့်မယ်...

၅. ကိုယ့် လုပ်ငန်းရဲ့ SWOT Analsysi လုပ်ရမယ်...

၆. Target Market သတ်မှတ်ရမယ်...
ဒီအတွက် လိုအပ်ရင် Market Surveyအရင် လုပ်ရမယ်..

၇. သူများ Fund (Investment)ပါ ပါလာမယ် ဆိုရင်
Executive Porfiles လိုဟာမျိုးတွေပါ ပြင်ဆင်ထားပြီး ပြနိုင်ရမယ် ..
ရင်းနှီး မြှုပ်နှံလူသူရဲ့ ယုံကြည်မှူ ရအောင်လို့ပေါ့...

၈. လိုအပ်လာရင် Plan B သို့မဟုတ် Exit Strategy ပါ ဆွဲထား ...
အွန်လိုင်းပေါ်မှာပဲ ဖြစ်ဖြစ် ဘယ်အချိန်မှာ ဘယ် ဈေးကွက်ကို
အဝင် အထွက် လုပ်မလဲ ဆိုတာ အရေးကြီးနေဦးမှာပဲ...
ဘာမဖြစ်လာရင် ဘာလုပ်ထားလိုက်မယ်ဆိုတာပါ ပြင်ဆင်ထား ...
( အခံရ သက်သာအောင်ပေါ့ ...
စီးပွါးရေး လုပ်တော့ မယ်ဆို အခက်အခဲ ကို အရင် မျှော်လင့်ထား...
အခက်အခဲ ရှိမှလည်း ကိုယ့် အတွက် အကျိုးအမြတ် ရှိမှာ ...
မဟုတ်လို့ လူတိုင်းဝင်လုပ်နိုင်နေရင် လူတိုင်းနဲ့ တန်းတူပဲ ရမှာပဲ...
သူများထက် ခေါင်း တစ်လုံးသာချင်ရင်
သူများထက်တော့ လူစိတ် အပင်ပန်း ခံနိုင်ရမယ် ဟုတ်.. )

E-commerce အတွက် လိုတာလေးတွေ အကျဉ်းချုပ်ချရေးလိုက်တာပါဗျာ ...
နောင်တော့ အသေးစိတ် မျှဝေခွင့်ရမယ် မျှော်လင့်ပါသေးတယ်...
အခူတော့ ဤမျှသာ ...
ကိုဇင်ဇေ (STG)

ဆရာကြီး လုပ်တာ မဟုတ်ပါဘူးဗျာ ...
(ရိုးရိုးသားသား ဝန်ခံရရင် ဆရာတော့ ဖြစ်ချင်ပါတယ်.. :)
သူတပါးကို ကိုယ် သိတာ တတ်တာလေးတွေ
မျှဝေပေးတဲ့ အလုပ် လုပ်ရင်း
ထမင်းစားချင်ပါတယ်...
သက်တောင့်သက်သာ နေချင်ပါတယ်..
ချမ်းသာချင်ပါသေးတယ်.. :) )



ထပ်မံ ဆွေးနွေးလိုပါက ဒီမှာ ဆွေးနွေးနိုင်ပါတယ် ... :)



Saturday, October 13, 2012

Stock Market ကို ဝင်ရောက် ကစားဖို့...

[caption id="attachment_103" align="alignnone" width="300"] Stock/Financial Market[/caption]

Stock Market ကို ဝင်ရောက် ကစားဖို့...

Stock Market ကို ဝင်ရောက် ကစားဖို့ အတွက် အဓိက လေ့လာပုံ ၂ မျိုး ရှိပါတယ်...
တစ်မျိုးက Fundamental Analysis ဖြစ်ပြီး နောက်တစ်မျိုးက Technical Analysis ပါ...
FA ကို ရေရှည် ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားတဲ့ နေရာမှာ ပိုသုံးသင့်ပြီး
TA ကို့တော့ ရေတို ရောင်းဝယ်ချင်းတွေမှာ (like Day Trading) သုံးဖို့ ပိုသင့်တော်တယ်လို့ ကျွန်တော် ကတော့ ယူဆပါတယ်....


ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Stock Trading နဲ့ ပတ်သတ်လို့ သင်ပေးတဲ့လူ နည်းသေးသလို သင်တန်းကြေးလည်း အလွန်ဈေးကြီးပါတယ်...
စာအုပ်တွေ ထွက်ထားပေမယ် လက်တွေ့ ဘယ်လို တွတ်ချက် ရောင်းဝယ်ရမလဲ ( Apply ) ဆိုတဲ့ အပိုင်းကို ရှင်းရှင်းလင်းလင်း မပါဝင်ကြပါဘူး...

ကျွန်တော်က တော့ ကူညီတဲ့လူရှိလို့ Technical Analysis သင်တန်းကို တက်ခဲ့ရဖူးပါတယ်
၂ ရက်ကို ၁ သိန်း ခွဲ ပေးရတဲ့ သင်တန်းဆိုတော့
ဘဏ် ၂ ခု က လူ ၁၀ ယောက်လောက်ရယ် တစ်ခြား အပြင်က လူအားလုံးပေါင်းမှ ၄၀ ဝန်းကျင်ပဲ ရှိမယ်ထင်တယ်...

ဒီက လူတွေက အရမ်း စောနေသေးတယ် ထင်တာရယ်...
ကိုယ်တွေနဲ့ သိပ် မဆိုင်ဘူးလို့ ထင်တာရယ်ကြောင့်လား မသိဘူး...
စိတ်မဝင်စားကြဘူးဗျ...
စိတ်ဝင်စားတဲ့လူရှိရင်တော့ ကျွန်တော်တို့ အတူဆက်ပြီးလေ့လာသွားကြတာပေါ့ဗျာ....

အဓိက က Financial Trading ကို လုပ်ဖို့ အများစုထင်နေကျသလို
ငွေ အရင်း အနှီး များမှ လုပ်နိုင်တာမဟုတ်ဘူး...
လူငယ်လေးတွေ သေချာ ကြိုပြီး လေ့လာထားမယ်ဆိုရင်
ဒီ Market ထွန်းကားလာတဲ့ အခါ အကြံပေး အနေနဲ့တောင် ဝင်ငွေ ကောင်းကောင်းရနိုင်တယ်...
Stock Broker စတော့ ပွဲစား လုပ်ခိုင်းနေတာတော့ မဟုတ်ဘူးနော်...

တကယ်လို့ TA လို့ ခေါ်တဲ့ Technical Analysis ကို တတ်ထားမယ်ဆိုရင်
နောက်ခံ အသိုင်းအဝိုင်း ... သတင်း အဆက်အသွယ် သိပ် မတောင့်ရင်တောင်
အကျိုး ရှိအောင် ဝင် ကစားလို့ ရနိုင်တယ် ...

ဘာမှ မတတ်ပဲနဲ့ ဆိုရင်တော့ လောက်တောင် လောက်မှာ မဟုတ်ဘူးနော်... :P
ပဲလောက က ဖြစ်သွားတာ ဒီ ဈေးကွက်ကို ဝင်လိုက်မိလို့...
ရေနံဈေး အကျမှာ ထိသွားပြီး လိမ်ပြေးသွားတာလို့ ကြားမိတယ်....

Online ပေါ်ကနေ ပဲတောင် ကစားလို့ ရတဲ့ အတွက်....
ရွှေကို လေပတ်ကား ကစားနေသူတွေ ...
ပဲလှောင် ကုန်လှောင်ပြီး ဈေးကစားနေတဲ့ လူတွေ နောက်ပိုင်း အများကြီး ဝင်လာနိုင်တယ်...
ဝင်လာလည်း သိပ်ကြောက်စရာမလိုဘူး ...
မြန်မာနိုင်ငံလို ချုပ်ထားလို့ ရတဲ့ ဈေးကွက်မျိုး မဟုတ်တော့
သူတို့ လုပ်ချင် သလို လုပ်လို့ မရဘူး ...
TA တတ်ထားတယ် ကို Online Platform လည်း နားလည်ထားတယ် ဆိုရင်
သူတို့ကို တောင် အကြံပေး လို့ ရသေးတယ်.. :)

ဒီတော့ လူငယ်တွေ လုံးဝ အားလျော့စရာ မရှိဘူး ...
ကျွန်တော် ပြောတဲ့ 3 Trends ( Marketing and Distribution/
E-commerce/Stock or Financial Trading)
ကိုသာ မျက်ခြေ မပျက် စောင့်ကြည်နေ...
အရင်း အနှီး မရှိလို့ ....မချမ်းသာနိုင် မအောင်မြင်နိုင်ပါဘူး ဆိုတာမျိုး မရှိစေရဘူး ...
ပြင်းပြတဲ့ ဆဒ္ဒ နဲ့ ထိုက်တန်တဲ့ ပေးဆပ်မှုတော့ လိုအပ်တယ်...
ဒီလို ပေး ဆပ်တဲ့ အခါမှာ လည်း... ကိုယ့် သိက္ခာ ရိုးသားမှု လုံးဝ ပါစရာ မလိုဘူး ....
လိပ်ပြာ သန့်သန့် နဲ့ ချမ်းသာ အောင်မြင် အောင် သွားလို့ ရတယ် ...
သွားလည်း သွားနိုင်ကြပါစေ ...
ဘယ်တော့ ဘယ်တော့ ဘယ်တော့မှ အရှုံးမပေးနဲ့...
ခင်ဗျားတို့ အားလုံး လုပ်နိုင်ပါတယ်.... :)

STG တွေ့ဆုံပွဲ ...


ဟုတ်ကဲ့ အားလုံး မင်္ဂလာပါဗျာ ...
ဒီနေ့ တော့ ကျွန်တော်တို့ STG ရဲ့ ပထမဆုံး ခြေလှမ်းအရွေ့လေး အတွက်
ရင်ခုန် ဝမ်းမြောက်စွာ ပြန်လည် မျှဝေပေးပါရစေ...


ကျွန်တော်တို့တွေ ဒီနေ့ ( 7.10.2012 ) မှာ တွေ့ဆုံဆွေးနွေးဖြစ်တာလေးတွေကို
အကျဉ်းချုံး တင်ပြပေးပါ့မယ်ဗျာ...
ကျွန်တော်တို့ Meeting လေးကို ၂ နာရီ နည်းနည်းကျော်ပြီးမှ စဖြစ်တယ်ဗျ...
Coffee Meeting သဘောမျိုးလေးဆိုတော့ ကျွန်တော်တို့ သိပ် ပြီး

တောင့်တောင့်တင်းတင်း စနစ်ကျပ်ပြီး မသွားဖြစ်ကြဘူး ...

လာမယ်လို့ ကတိပေးထားတဲ့ သူငယ်ချင်းတွေ အားလုံး လာလို့လည်း ဝမ်းသာမိတယ်...
အားလုံးပေါင်း ကျွန်တော်တို့ ၈ (+1)ယောက်ပေါ့ ...
စပြီးတော့ ကျွန်တော်တို့တွေ ပေါ့ပေါ့ပါးပါး မိတ်ဆက်ကြပြီးတော့
ကျွန်တော့် အကြောင်း...STG အကြောင်းလေးကို အကျဉ်းချုံး ရှင်းပြခဲ့တယ် ...

ကျွန်တော်ဟာ ရေကြောင်း တက္ကသိုလ် MMU ကျောင်းဆင်း တစ်ယောက်ဖြစ်ပြီး
ရေကြောင်းလောကဟာ ကျွန်တော့ရဲ့ အမြင့်မားဆုံး ပန်းတိုင်ကို ပေးနိုင်မယ်လို့
မခံစားရတဲ့ အတွက် ၁ နှစ် ကျော် ကျင်လည်ခဲ့ပြီး နားခဲ့ပါတယ် ...
ကျွန်တော့ရဲ့ အမြင့်မားဆုံး ပန်းတိုင်က ဘာလဲ ဆိုရင်တော့
ကိုယ်တိုင်လည်း အောင်မြင် ချမ်းသာပြီး ...
သူများတွေကို လည်း ကိုယ့်လို အောင်မြင်အောင်
လမ်းပြကူညီပေးနိုင်တဲ့ လူတစ်ယောက် ဘဝပေါ့ ...



အဲဒီတော့ ဒီပန်းတိုင်ကို ရောက်ဖို့ အတွက်
ကျွန်တော် စီးပွါးရေး ... ဘဝ အောင်မြင်ရေးကို လေ့လာတယ် ...
လုပ်ကိုင်တယ်... တစ်ချိန်တည်းမှာ ပြန်လည် မျှဝေပေးနိုင်အောင် ကြိုးစားပါတယ်...

STG ဟာ ကျွန်တော့ရဲ့ အတ္တ ပရ တွဲဖက် လုပ်ကိုင်လိုတဲ့ စိတ်ကူးကို
အကောင်အထည် ဖော်တဲ့ လုပ်ငန်း တစ်ခု ဖြစ်လာမှာပါ ...
STG ဟာ နိုင်ငံရေး အသင်း အဖွဲ့ မဟုတ်ကြောင်း...
STG ဟာ ၁၀၀ ရာခိုင်နှုန်း လူမှူရေး အသင်းအဖွဲ့သီးသန့်လည်း မဟုတ်ကြောင်းပေါ့ ...
STG ဟာ ကျွန်တော် ကိုဇင်ဇေ ရဲ့ အိပ်မက်ဆန်တဲ့ ...အပြုသဘောဆောင်သူများ
အပြန်အလှန် အသိပညာ ဝေမျှနေတဲ့ အဖွဲ့ အစည်း တစ်ခု ဖြစ်ကြောင်းပေါ့ ...

STG ကို စာဖတ်အသင်း တစ်သင်း အနေနဲ့ စိတ်ကူးတည်ခဲ့တယ် ...
နောက်တော့ ကျွန်တော် နိုင်ငံတကာမှာ ရှိတဲ့
Rich Dad (Robert T.Kiyosaki) , Anthony Robin တို့လို
Personal Developing Company ပုံစံကို ကူးပြောင်းချင်လာတယ် ...

မြန်မာနိုင်ငံမှာ ဒီလို အဖွဲ့အစည်းတွေ ရှိခဲ့ ... ရှိနေပေမယ့်
ခေါင်းဆောင်သူတွေကြောင့် ရယ်...
MLM လောက က မတရား ရောနှော အရောင်ပြ အမြတ်ထုတ်လိုသူတွေကြောင့် ရယ်...
ရေရှည် မခံတာကို တွေ့ရလို့ ကျွန်တော် ဒီလို အဖွဲအစည်းမျိုးကို ပြင်းပြင်းပြပြ
တည်ထောင်ချင်လာခဲ့တယ် ...

သူတို့တွေရဲ့ မအောင်မြင်မှုတွေကို အကောင်းဆုံး သင်ခန်းစာယူပြီး
STG ကို ကျွန်တော်လိုချင်တဲ့ လမ်းကြောင်းပေါ်ကို
၇ နှစ် စီမံကိန်း နဲ့ ဆွဲတင်သွားမှာ ဖြစ်ကြောင်းပေါ့ ...

STG ရဲ့ ၇ နှစ် စီမံကိန်း

1. ကျွန်တော်တို့တွေ ၂၀၁၃ မတိုင်ခင်မှာ STG ကို အစပျိုးအနေနဲ့ လှုပ်ရှားမှုတွေ

လုပ်သွားမှာဖြစ်ပါတယ် ... Online Sharing/Discussion , Meetings , Workshops ,

Group Discussions, Business Partnerships စတာတွေ လုပ်ဆောင်သွားမှာပါ ...

2. ၂၀၁၃ ကနေ ၂၀၁၅ မှာတော့ ကျွန်တော်တို့တွေ အရှိန်အဟုန်မြှင့်ပြီး
Online Sharing/Discussion , Meetings , Workshop ,
Group Discussions, Business Partnership စတာတွေကို
ပိုမို စနစ် ကျစွာ လုပ်ဆောင်သွားမှာပါ ...
ကျွန်တော် ကိုယ်တိုင်ပဲ ဖြစ်ဖြစ် ...STG က တခြား ဝါသနာ ပါသူတွေပဲ ဖြစ်ဖြစ်
Printed Media မှာပါ အောင်မြင်အောင် ကြိုးစားပြီး
STG ကို ပိုမို လူသိများ... တွင်ကျယ်အောင် လုပ်သွားမှာပါ ...

3. ၂၀၁၅ မှာတော့ STG ဟာ သေချာပေါက် Company လိုင်စင် တင်ပြီး
Personal Developing Company တစ်ခု အဖြစ် ရပ်တည်သွားမှာ ဖြစ်ပါတယ် ...
အဲဒီမှာ ကျွန်တော်တို့ Personal Developing Programme တွေ
Investment Programme တွေကို စီးပွါး လုပ်ငန်း တစ်ခု အနေနဲ့
လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ...

ဒီတော့ ကြိုတင် ပြောချင်တာက STG ဟာ ၂၀၁၅ နောက်ဆုံးထားပြီး
စီးပွါးလုပ်ငန်းတစ်ခု အဖြစ်ကို ကူးပြောင်းဖို့ ရည်မှန်းထားကြောင်းပါ...

ဒါပေမယ့် STG ဟာ စီးပွါးလုပ်ငန်း အဖြစ်ကူးပြောင်းပြီးချိန်မှာရော ...
မကူးပြောင်းသေးခင်မှာပါ ...အများအတွက် အကျိုးရှိစေမယ့်
အသိပညာ နှီးနှော ဖလှယ်တဲ့ လှုပ်ရှားမှုများကို
ပရ ဟိတ အနေနဲ့ လုပ်ဆောင်သွားမယ် ဆိုတာပါ ...

ဆိုလိုတာက... STG ဟာ စီးပွါးဖြစ်ဖို့ သက်သက်သာ ရည်ရွယ်တဲ့
စီးပွါး လုပ်ငန်း တစ်ခု ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး ...
ကျွန်တော်တို့ ရှင်သန် ရပ်တည်နေတဲ့ လူ့အဖွဲ့ အစည်းကို
ဉာဏ အင်အား နဲ့ အကောင်းဆုံး အကျိုးပြူနိုင်အောင် ကြိုးစားသွားမှာပါ...
( ရှင်းရှင်းပြောရရင်ဗျာ....
၂၀၁၅ မတိုင် ခင်ရော ... ၂၀၁၅ အကျော်မှာပါ STG ရဲ့ တစ်ချို့ လှုပ်ရှားမှုတွေကို
ငွေကြေး အခမဲ့ အနေနဲ့ ဒါန ပြုသွားမယ် ဆိုတာပါပဲ..)

၂၀၁၅ ကနေ ၂၀၂၀ မှာတော့ ကျွန်တော်တို့တွေ STG ကို
Mature Stage ကို ရောက်အောင် ဆွဲတင်သွားပြီး
၂၀၂၀ ဆိုရင်တော့ ကျွန်တော် တို့ လိုချင်တဲ့ပန်းတိုင် ကို
အတိုင်းအတာ တစ်ခု အထိ ရောက်ပြီ လို့ ပြောလို့ ရပြီပေါ့ဗျာ...

ဒီတော့ STG ရဲ့ ပန်းတိုင်ကို မြင်ပြီဆိုရင် STG နဲ့ အတူ သွား လိုစိတ် ရှိမရှိ
သူငယ်ချင်းတို့ ဆုံးဖြတ်ရမှာပေါ့ခင်ဗျာ ....

STG က သင့်ကို ပေးနိုင်ဖို့ ကြိုးစားနေတာတွေကတော့
1-Personal Developing Programme
( Dreams and Goals Setting , Effective Thinking , Financial Education ,
Successiology , Communication Skills and Public Speaking ,etc ...)
2-Business/Investment Programme
( စွန့်ဦးတီထွင် Entrepreneurship , E-Commerce (Online Business) ,
Stock/Financial Market (Technical Analysis)

3***အသင်းဝင် အချင်းချင်း ဆွေးနွေးဖလှယ် သဘောတူညီမှုဖြင့်
အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ

4***စီးပွါးရေး နှင့် ပညာရေး အဆက်အသွယ်များ

အမှတ်စဉ် ၃ နှင့် ၄ အရ အသင်းဝင် အချင်းချင်း ဖလှယ်ဆောင်ရွက်မှူများမှာ
STG (Founder-ကျွန်တော် ကိုဇင်ဇေ) ရဲ့ စီမံခန့်ခွဲမှူ ...
တာဝန်ယူမှူ မပါဝင်သော Projects များ ရှိလာခဲ့ရင် ...
နောက်ဆက်တွဲတွေကိုတော့ STG က တာဝန် ယူပေးနိုင်မှာမဟုတ်ကြောင်း
အသိပေး ကြိုတင် ပြောလိုပါတယ် ...
အချင်းချင်း ညှိလုပ်ကြပေါ့ဗျာ နော ... :)
ကျွန်တော်ကတော့ Link တောင်းလာရင် သိသလောက်တော့ ချိတ်ပေးလိုက်မှာပေါ့...:)

Stock/Financial Market

နောက် အစီအစဉ် အနေနဲ့တော့ ကျွန်တော် က
Stock/Finanial Market ကို Technical Analysis နဲ့ ဘယ်လို ချဉ်းကပ် မလဲ ...
ဘာကြောင့် Fundamental Analysis ကို မသုံးပဲ Technical Analysis ကို သုံးရသလဲ ...
အားသာချက်... အားနည်းချက်တွေက ဘာတွေ ရှိနိုင်သလဲ...
Technical Analysis ရဲ့ ကြည့်ရှူ တွက်ချက်ပုံ အကြမ်းဖျဉ်း ....
ကျွန်တော်တို့ ဘာတွေ လုပ်ထားနိုင်မလဲ ဆိုတာကို သိသလောက်
ရှင်းပြပေးခဲ့ပါတယ်....

အဓိက ကတော့
-နိုင်ငံတကာဈေးကွက် ဟာ ပြည်တွင်းဈေးကွက်ထက်
ပိုမို လွတ်လပ်တဲ့ သဘောမျိုးရှိခြင်း ...
-Stock/Financial Trading ရဲ့ Leverage ယူနိုင်ခြင်း ...
(၁၀ ရင်းပြီး ၁၀၀ ဖိုးလောက် ကစားလို့ ရတာမျိုးပေါ့...)
-Fundamental Analysis ကို ရယူတဲ့အခါမှာ Insiders ရှိသူတွေက အသာစီးအမြဲရတတ်ပြီး
Technical Analysis ကတော့ ဒီလို ကွာဟချက်မျိုးမရှိပဲ ပညာ အဓိက အခြေခံနိုင်ခြင်း ...
-ပြည်တွင်းက သန်လျှင် နဲ့ ဒလ အိမ်ခြံမြေ သတ်ကွင်းတွေ အကြောင်း စသဖြင့်
ဆွေးနွေးခဲ့ကြပါတယ် ....
( Technical Analysis ကို ကျွန်တော် သီးသန့် ဆောင်းပါး ရေးနိုင်အောင် ကြိုးစားပါ့မယ်...
စာ အရမ်းရှည်သွားမှာ စိုးလို့ပါ...)

Revolutionary Change of ကိုဝေလ (One of STG Success Stories)

အသင်းဝင် ကိုဝေလ ကတော့ STG ကြောင့် သူ့ဘဝရဲ့ ကြီးမားတဲ့
အချိုးအကွေ့ ရရှိနိုင်ခဲ့ကြောင်းကို အားတက် သရော မျှဝေသွားပါတယ် ...
STG က အသင်းဝင် ကိုရဲ ရဲ့ စာသား နဲ့ အခြား STG အသင်းဝင်တွေရဲ့ အကြံပြု
ဆွေးနွေးမှူများဟာ သူ့ကို လှုပ်ခက်နိုင်ခဲ့ကြောင်းပေါ့ ...
ကျွန်တော် ဒီစကား ဒီ အကြောင်း ကြားမိတဲ့ အခါ
ပြောမပြတတ်အောင် ဝမ်းသာ ကျေနပ် မိပါတယ်...
လူတစ်ယောက် ပြောင်းလဲဖို့ ဆိုတာ အကြောင်းတရားတွေ
အများကြီး ပေါင်းဆုံမှ ဖြစ်နိုင်တာမျိုးမှို့လို့ ...
ဒီတစ်ခု ထဲကြောင့်လို့တော့ ပြောလို့ မရပေမယ့်
STG ဟာ ကိုဝေလရဲ့ ပြောင်းလဲမှု ဖြစ်စဉ်မှာ
တစ်ထောင့် တစ်နေရာက နေ အကျိုးပြုနိုင်ခဲ့တာကို သိရတဲ့ အတွက်
ဒီတစ်ခုနဲ့ တင် ကျွန်တော်တို့တွေ ပေးခဲ့ရတဲ့ အချိန်တွေ အားစိုက်ထုတ်မှူတွေ အတွက်
ကျေနပ် အပန်းပြေရပါတယ်ဗျာ ...

E-Commerce

နောက်တော့ ကျွန်တော် E-Commerce အကြောင်းပါးပါးလေးပြောဖြစ်တယ် ...
E-Commerce လုပ်ပုံလုပ်နည်းတွေ အများကြီးထဲက
အလွယ်ကူဆုံးဖြစ်တဲ့ ကြော်ငြာကြည့်ခြင်းကနေတောင်
တစ်ဦးချင်းမှာ သိပ် မသိသာရင်တောင်
-ကျွန်တော်တို့ မြန်မာနိုင်ငံ မြန်မာလူမျိုးအတွက် နိုင်ငံခြားဝင်ငွေ
သိန်း ဂဏာန်းလောက် လစဉ် ရှာနိုင်မှာ ဖြစ်ကြောင်း ....
-အဲဒီ ရွှေခေတ်ရောက်ဖို့ မဝေးတော့ပြီ ဖြစ်ကြောင်း ဆွေးနွေးပေးခဲ့ပါတယ် ...
( -အများသိ နည်းပညာ မျှဝေသူတစ်ယောက်ဟာ သူ့ရဲ့ Blogကနေ
အများမသိ လစဉ် ဒေါ်လာ ၃၀၀ ခန့် ရရှိနေကြောင်း စသဖြင့်
အားတက်ဖွယ် ပေါ့ဗျာ... :) )
(ကိုရဲ ကတော့ လျှိုထားသေးတယ်ဗျ ...
နောက်မှ သူ့ကို အတင်း ပြောခိုင်းရမယ်... :) )

Financial Education

နောက်တော့ အသင်းဝင် ကိုမြတ်သူ က အချိန်ရော ...
ကျွန်တော်တို့ အတွက် အလွန် အဖိုးတန်တဲ့
Financial Education ကို မိတ်ဆက် တင်ပြပေးသွားခဲ့ပါတယ်... :)
ကိုမြတ်သူ ရဲ့ စားသောက်ဆိုင် လုပ်ငန်း အတွေ့အကြုံတွေကိုလည်း နောင်မှာ
စနစ်တကျ မျှဝေပေးဦးမှာ ဖြစ်ကြောင်း အမြည်းကျွေးခဲ့ပါသေးတယ်ဗျာ...

Quiet but Precious Friends (ဆိတ်ဆိတ်နေပေမယ့် ထောင်တန်သော သူငယ်ချင်းများ)

ကို ဇော်လင်းဖြိုး ကတော့ ရေကြောင်းလောကသားဆိုတော့
ကျွန်တော်နဲ့ အဓိက စကားပြောဖြစ်တာပေါ့ဗျာ ....
Stock Trading အကြောင်း မှာ ဒီလူ မျက်လုံးတွေ အရောင်အတော်လက်သဗျ ... :)
သူကနေတဆင့် ကျွန်တော့ ရေကြောင်းလောက က
သူငယ်ချင်းဟောင်းတွေနဲ့ပြန်တွေ့ရဦးမယ် ထင်ပါတယ်...

ကို သန်းတင့်က လည်း စားသောက်ဆိုင် လုပ်ငန်းစတာနဲ့
အဆင်သင့်ပဲ ဆိုတဲ့ Professional Chef ဗျ ... :)
( စားရချည်သေးရဲ့ ... :) )

Business Partnership

မမေစု နဲ့ ကျွန်တော့ ကောင်မလေးကတော့ ပွဲမစခင်ထဲက
တိုးတိုး တိုးတိုးနဲ့ ပြောနေကြတာဗျ ...
သူတို့က STG ရဲ့ Meeting ကနေ စီးပွါးရေး အဆက်အသွယ်တွေ...
အလုပ်တွေတောင် ဖြစ်လို့ ... :)
(ကျွန်တော့ကို မမေ့ကြနဲ့ ဦးနော် ... :) )

ဒီပွဲလေးကနေပြီးတော့ ကျွန်တော်တို့တွေ ရှေ့ဆက်သွားမယ့်
လမ်းကြောင်းအသစ်တွေ မြင်လာခဲ့တယ် ...
စိတ်တူ ကိုယ်တူ စီးပွါးရေးနဲ့ အောင်မြင်ရေး လက်တွဲဖော်တွေ ရလာခဲ့တယ်..
အားသစ် ...အင်သစ်... အကြံဉာဏ် သစ် တွေ နဲ့ ...
အောင်မြင်စွာ တစ်လှမ်းရွေ့နိုင်ခဲ့တယ်လို့
ယုံကြည်မိပါတယ် ဗျာ...
(သူငယ်ချင်းတို့ရော ဘယ်လို မြင်မိလဲ ...
ခံစားချက် ဝေဖန် အကြံပြုချက်လေးများ ပေးကြပါဦးနော... :) )

ဒါတွေကတော့ ဒီနေ့ (7.0.201 Sunday) မှာ စတင် လှုပ်ရှားဖြစ်ခဲ့တဲ့
STG ရဲ့ ပထမဆုံး ခြေလှမ်းလေးကို အကျဉ်းချုံး တင်ပြတာပါဗျာ ...
စာလည်း အတော် ရှည်နေပြီ... :)
အကြောင်း အမျိုးမျိုးကြောင့် မလာဖြစ်ကြတဲ့ မိတ်ဆွေများလည်း
ဖတ်ရှု ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...
နောက် တစ်ခေါက် ကျရင်တော့ လာကြမယ် မဟုတ်လားဗျ နော...:)

PS : ( အဆွေးနွေးကောင်းလွန်းလို့ မှတ်တမ်းတင် ဓာတ်ပုံလေးတောင်ရိုက်ဖို့
မေ့တာမျိုး နောက် မဖြစ်စေရပါဘူးဗျို့... :) )

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ ...
ကျွန်တော် ကိုဇင်ဇေပါ...
ကျွန်တော်တို့ ဟာ STG ပါ ....

ကိုဇင်ဇေ (Sharing Together Group) 09-4311 5202
7.10.2012
Sunday

ငွေ ဘယ်လို ရှာကြသလဲ ... ဘယ်လို ရှာကြ မလဲ...?


လောကမှာ လူတိုင်းလိုလို ငွေရှာနေကြရတာပဲ...
အကြောင်း အမျိုးမျိုးကြောင့် ဒီငွေကို နည်းအမျိုးမျိုးသုံးပြီး ရှာနေကြရတယ်...
ကောင်းမွန်ဖြောင့် မတ်တဲ့ နည်းလမ်းတွေ ကိုပဲ သုံးလိုကြပြီဆိုရင်တော့
ဒီစာကို ပြီးအောင် ဖတ်လိုက်ပါ ...
သင့်အတွက် ထူးခြားတဲ့ အမြင်တစ်ခုကို ရရှိနိုင်ပါလိမမယ်...
( နိုင်ငံတကာ အသိအမှတ်ပြု စီးပွါးရေး ပညာရှင်
စာရေးသူ Robert Kiyosaki ရဲ့ အယူအဆများ ဖြစ်ပါတယ်...)



ကျွန်တော်တို့တွေ ငွေကို နည်းအမျိုးမျိုးနဲ့ ရှာနေကြတယ်ဆိုပေမယ့်
တကယ်တမ်းတော့ ဒီ ၄ မျိုး ( ESBI ) ကနေ ထွက်မသွားပါဘူး...
( 1 ) ဝန်ထမ်းအဖြစ် (Employee)
( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)
OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)
( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )
( 4 ) ရင်းနှီးမြှုပ်နှ- သူ တစ်ယောက် အဖြစ် ( Investor )

( 1 ) ဝန်ထမ်းအဖြစ် (Employee)
ဝန်ထမ်းတွေဆိုတော့ သူတို့ မှာ အလုပ်ရှိတာပေါ့...
သူတို့က ငွေအတွက် သူတို့ ကိုယ်တိုင် အ လုပ်လုပ် ကြရပြီ...
ဒါပေမဲ့ သူတို့ အလုပ်လုပ်နေရတာဟာ
သူတို့ ဘဝ ချမ်းသာမြင့်မား ဖို့ ထက် ...
သူတို့ကို အ လုပ်ပေးထားတဲ့ အလုပ်ရှင်တွေ ပိုပို ပြီး ချမ်းသာလာအောင်
လုပ်ပေးနေကြရတယ်...
သူတို့ ကိုယ်တိုင်အတွက် တော့ စားလောက်ရုံ ...
ရပ်တည်နိုင်ရုံလောက်ပဲ ရကြတာများတယ်...
ဒါကြောင့် JOB ကို အဓိပယ် ဖွင့်ဆိုချက်တစ်ခု ရှိတယ် ...
Just Over Broke တဲ့ ....မမွဲရုံ တမယ်ပေါ့....

( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)
OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)
သူတို့ က အလုပ်တစ်ခုကို ပိုင်ဆိုင်သူတွေပေါ့...
ဘယ်သူ့ ဆီကမှ အလုပ်တစ်ခုကို ခခယယ တောင်းနေစရာမလိုဘဲ...
ကိုယ်တိုင် အလုပ် တစ်ခုကို တည်ထောင် လုပ်ကိုင်ကြတယ်...
ကိုယ် ကြိုးစားရင် ကြိုးစား သလောက် ရကြတာပေါ့...

ဒါပေမဲ့ ငွေရှာဖို့ ... ကိုယ်တိုင် အလုပ် လုပ်ကြရတယ်...
အလုပ်တစ်ခု အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုမှာ
တွယ်ငြိ နစ်မြုပ်သွားတတ်တယ်...
ဝင်ငွေအနည်းငယ် ကောင်းပေမဲ့ ဒါကို တွယ်ငြိသွားတာနဲ့
ဒီထက်ပို မတတ်နိုင်တော့တော့ပဲ တန့်သွားတာမျိုး ဖြစ်သွားတတ်တယ်.....

***
E နဲ့ S တွေဟာ ငွေကြေးလွတ်လပ်မှူ  , အချိန်လွတ်လပ်မှူ တွေကို
ရရှိ ပိုင်ဆိုင်နိုင်ပါ့မလား...?
ရေရှည် ဘဝအတွက်ရော လုံခြုံစိတ်ချနိုင်ရပါ့မလား...?

( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )
သူကတော့ စနစ် တစ်ခုကို ပိုင်ဆိုင်တယ်...( System )
ပြီးတော့ သူ့ရဲ့ စနစ်ကို သူ့ အစားအလုပ်တွေ အများကြီးလုပ်ခိုင်းတယ်...
သူကတော့ သေချာ စောင့်ကြည့်ရင်း သူ့စနစ်ကို
ကောင်းသထက်ကောင်းအောင် ပြင်နေတယ်...
သူ့စနစ်ကပဲ သူ့ကို ငွေတွေ ရှာပေးနေတယ်လေ...
စနစ် တိုးတက် ကောင်းမွန်လာတာနဲ့ အမျှ
ဝင်ငွေတွေ တိုးလာ... အချိန်လွတ်လပ်မှူတွေ ပိုရလာတာပေါ့...

( 4 ) ရင်းနှီးမြှုပ်နှံ သူ တစ်ယောက် အဖြစ် ( Investor )
သူကတော့ အရမ်းရိုးရှင်းပါတယ် ...
သူ့ငွေတွေကို လွှတ်ပြီး နောက်ထပ် ငွေတွေ ရှာခိုင်းနေတယ်လေ..- .
ဒီလို ရှာနိုင်လောက်အောင်လည်း သူ့မှာ ငွေ ကြေး အလျှံပယ်
ငွေကြေးလွတ်လပ်မှူ , အချိန်လွတ်လပ်မှူ ကို အဆုံးစွန် ပိုင်ဆိုင်နေပြီပေါ့...

ကဲ မိတ်ဆွေ သင် ဘယ်လို ဘဝမျိုးကို လိုချင်လဲ ... ?
ယခု လက်ရှိ ဘယ်လို ဘဝ မျိုးမှာ ရောက်နေလဲ ... ?
ပြောင်းလဲ ချင်ပြီလား ...?
ဘယ်လို ပြောင်းလဲမယ် ဆိုတာ ကိုရော စဉ်းစားပြီးပြီလာ- ... ?
မပြောင်းလဲနိုငတော့ပါဘူး ဆိုပြီး ဆင်ခြေအမျိုးမျိုး နဲ့
ဘဝကို တကယ်ပဲ အရှုံးပေးချင်နေပြီလား ... ?

ကျွန်တော်တို့က တော့ ကြိုးစားနေပါတယ် ...
B နဲ့ I ကို ရောက်ဖို့ပေါ့ ...
( လက်ရှိ ရှင်သန်နေထိုင်နိုင်ဖို့ E နဲ့ S ကို လုပ်ရင်း
B သမား တစ်ယောက်ဖြစအောင်
ကြိုးစား နိုင်ဖို့ ... ကြိုးစားနေဖို့ ....
ကျွန်တော် ဝေမျှပေးတာပါ.... )

မိတ်ဆွေလည်း တကယ် ကြိုးစားချင်တယ် ဆိုရင်
ကျွန်တော်တို့နဲ့ လက်တွဲနိုင်ပါတယ်..- .
အတူတကွ ကြိုးစားကြတာပေါ့..- .

ကိုဇင်ဇေ (STG) - 09 4311 5202
zinzae@gmail.com
yangon


စာရေးသူကို ခင်လိုလျှင် ...နှိပ်ပါ

ဝန်ဆောင်မှု ဘာကြောင့် အရေးကြီးတာလဲ … Ron Kaufman


(Ron Kaufman) ပြောနေကြ စကားများ...


“ခင်ဗျားတို့ဟာ စီးပွါးရေးမှာ အောင်မြင် ထိပ်တန်းရောက်ချင်ရင်
နံပါတ် ၁  အကောင်းဆုံး ထုတ်ကုန် ရှိရမယ် …
နံပါတ် ၂  အကောင်းဆုံး ထုတ်ကုန် စီးဆင်းဖြန့်ဖြူးတဲ့ စနစ် ရှိရမယ်…
နံပါတ် ၃  ကတော့ အကောင်းဆုံး ဝန်ဆောင်မှူ ရှိရပါမယ်…


IBM ဟာ PC လောကမှာ အကောင်းဆုံး ထုတ်ကုန်တွေနဲ့ စတင် ပြီး
ဈေးကွက်ကို တီထွင် သိမ်းယူနိုင်ခဲ့တယ် ….
ဒါပေမယ် Dell ပေါ်လာတဲ့ အခါမှာတော့ အလွန် လွယ်ကူ မြန်ဆန်တဲ့ အမှာစာ စနစ်နဲ့
ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့တယ် …
(ထုတ်ကုန် ရဲ့ အရည်အသွေးက သိပ်မကွာလှပေမယ့် လွယ်ကူ မြန်ဆန်တဲ့  ထုတ်ကုန်
စီးဆင်းဖြန့်ဖြူးမှု စနစ်ကြောင့်
ဈေးကွက်မှာ Dell က အသာရသွားခဲ့တယ် )
နောက်တော့ IBM ကလည်း ဒီ စနစ်မျိုး အသုံးပြုလာတယ် ….

အကောင်းဆုံး ဆိုတဲ့
1. ထုတ်ကုန်ရော
2. ဖြန့်ဖြူးရေး စနစ်ရော ကို
သင့် ပြိုင်ဘက်တွေက အလွယ်တကူ လိုက်လံတူပနိုင်လာတဲ့အခါမှာ
သင်ဘာလုပ်မလဲ ?



အကောင်းဆုံးဆိုတဲ့ ဝန်ဆောင်မှု ပေးနိုင်အောင် ကြိုးစားဖို့ပဲ …
ဒီနည်းနဲ့ပဲ သင်ဟာ စီးပွါးရေးလောကမှာ ရှေ့ထွက်လာနိုင်မယ် …

နံပါတ် ၁ နဲ့ ၂ (ထုတ်ကုန် နဲ့ ဖြန့်ဖြူးရေးစနစ်) ဟာ
သက်မဲ့စနစ်တွေ အကြောင်း အဓိက ထားတာဖြစ်ပေမယ့်
နံပါတ် ၃ ဖြစ်တဲ့ ဝန်ဆောင်မှုကတော့ လူတွေ စိတ်တွေ အကြောင်း မှို့လို့
ပိုမို သိမ်မွေ့နူးညံ့ ကျယ်ပြန့်လာတယ် …

နံပါတ် ၁ နဲ့ ၂ (ထုတ်ကုန် နဲ့ ဖြန့်ဖြူးရေးစနစ်) ဟာ
လူတွေ ကို မျှော်လင့်ထားတဲ့ အကောင်းဆုံးတွေ ပေးနိုင်ပြီး
နံပါတ် ၃  ဖြစ်တဲ့ ဝန်ဆောင်မှု ကတော့ လူတွေကို မမျှော်လင့်ထားတဲ့
မယုံကြည်နိုင်စရာ ခံစားမှုကိုပါ  ပေးစွမ်းနိုင်ပါတယ် …

နံပါတ် ၁ နဲ့ ၂ (ထုတ်ကုန် နဲ့ ဖြန့်ဖြူးရေးစနစ်) ရဲ့
ယာယီ အားနည်းချက်တွေကိုတောင်
အစားထိုး ချေဖျက်နိုင်တဲ့ အထိ
နံပါတ် ၃ (ဝန်ဆောင်မှူ) က အရေးကြီး… အရေးပါလှပါတယ် …

(နောင်မှ ဆက်ပါဦးမည် )
ကိုဇင်ဇေ (STG)

ဒီနေ့ပဲ သတ္တိ ရှိရှိနဲ့ တစ်ခုလောက် လုပ်လိုက်ပါ …





ဒီနေ့ပဲ သတ္တိ ရှိရှိနဲ့ တစ်ခုလောက် လုပ်လိုက်ပါ …
ပြီးရင်တော့ အသေအလဲ ပြေးပေတော့ … :)
တခါတလေမှာ အဲဒီလို ကိုယ်လုပ်ချင်နေတာ တစ်ခုလောက် လုပ်လိုက်ပြီး
ထွက်ပြေးရတာ ပျော်ဖို့ ကောင်းမယ်ဗျ နော် … :)
တစ်ခု ထပ်စဉ်းစားမိသေးတယ် …
အဲလို ကိုယ့်နောက်က မဖြစ်မနေ ပြေးရမယ့် အကြောင်းအရာပေါ် မူတည်ပြီး
ကျွန်တော်တို့ ပြေးကြမယ် …
ဒါပေမယ့် ပြေးမယ့် လားရာက…
ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ဆီ ကိုပေါ့… :)
ကိုဇင်ဇေ (STG)

Like and Share for the ones you Care
စာရေးသူကို ခင်လိုလျှင် ...နှိပ်ပါ ...

Thursday, October 11, 2012

အနားယူပြီး နေနေတဲ့ အချိန်

အလုပ်ကနေ အနားယူပြီး နေနေတဲ့ အချိန်တွေဟာလည်း ...
အလုပ်မှာ နှစ်မြှုပ်လုပ်ကိုင်နေတဲ့ အချိန်တွေလိုပဲ အရေးကြီးလှပါတယ် ...

အလုပ်ကို စိတ်ပါလက်ပါ ကြိုးကြိုးစားစား လုပ်ခဲ့သလိုမျိုး ...
နားချိန်ကျရင် ဘာကိုမှ မတွယ်ငြိစေပဲ
လွတ်လပ်ပေါ့ပါးစွာ အနားယူနိုင်အောင် ကြိုးစားပါ ...
အနားယူခြင်းဆိုတာ အလုပ်လုပ်ဖို့ အတွက်
အားဖြည့်ခြင်းနည်းဖြင့် အလုပ်လုပ်နေတာပဲလေ ...

Robert စကားကို ပြန်ပြောရရင်တော့
"ဖရဲသီးရဲ့ အချိုဆုံးအပိုင်းကိုသာ စားပါ..."

လွတ်လပ်ပေါ့ပါးစွာ အနားယူနိုင်ကြပါစေ ...
ကိုဇင်ဇေ (STG)

[caption id="attachment_8" align="alignnone" width="300"]Relax အလုပ်ကနေ အနားယူပြီး နေနေတဲ့ အချိန်တွေဟာလည်း ...
အလုပ်မှာ နှစ်မြှုပ်လုပ်ကိုင်နေတဲ့ အချိန်တွေလိုပဲ အရေးကြီးလှပါတယ် ...[/caption]