Thursday, October 18, 2012

E-Commerce လုပ်ဖို့ အတွက် လိုတာလေးတွေ ...



ကဲ ဒီလောက်တောင် စိတ်ဝင်စားခံနေရတဲ့... :)
E-Commerce လုပ်ဖို့ အတွက် လိုတာလေးတွေ စတင်ဆွေးနွေးကြည့်ပါမယ်...

ကျွန်တော်တို့တွေ...
ပထမဆုံး ကိုယ့်ရဲ့ စီးပွါးလုပ်ငန်း အမျိုးအစားကို ရွေးရပါမယ်...
၁.Tradingအရောင်းအဝယ်လား
၂. Manufacturingထုတ်လုပ်ရေးလား
၃. Service ဝန်ဆောင်မှူလား


အဲဒီ အပေါ်မှာ မူတည်ပြီး အွန်လိုင်းမှာ စီးပွါးရှာဖို့ စီမံကိန်းစဆွဲရမှာပဲ...
Business Plan ပေါ့ ...ဒါပေမယ့် တခါတလေ ကျွန်တော် စဉ်းစားမိတယ် ...
ကျွန်တော်တို့ အများစုဟာ ကိုယ့်ဘဝ ကို ဘယ်လို ရှင်သန် ရပ်တည်သွားမယ်ဆိုတဲ့
Personal Plan (Goal Setting (who u r ,what u want to be, when),

SWOT,Planning) တောင် ဆွဲထားရမှန်း မသိသူတွေ ...
ဆွဲချင်ပေမယ့် ဘယ်က စဆွဲရမှန်း မသိသူတွေ များတော့ ...
စီးပွါးလုပ်ငန်း စီမံ ကိန်း ဆွဲဖို့ ဆိုတာ ပြောသလောက်တော့ မလွယ်နိုင်ဘူး...
ကျယ်ပြန့်တဲ့ ကိစ္စဆိုတော့ အွန်လိုင်းမှာ ဆွေးနွေးရတာ အားမရဘူး ...
တကယ်ဆို Goal Setting ကတင် ၃ နာရီစာ လောက် ပြောစရာတွေ ရှိတာ...ထားပါတော့ ...
ကျွန်တော်တို့ E-commerce အတွက်၁.ပထမဆုံး ကိုယ့်ရဲ့ စီးပွါးလုပ်ငန်း
အမျိုးအစားကို ရွေးရပါမယ်...
၁.၁ အရောင်းအဝယ်လား
၁.၂ ထုတ်လုပ်ရေးလား
၁.၃ ဝန်ဆောင်မှူလား

၂. ဒီ အပေါ်မှာ မူတည်ပြီး ... ကိုယ်လုပ်မှာ ...
(B to B) OR (B to C) လား ပေါ်လာလိမ့်မယ် ..

၃. ကိုယ်က ဒီ စီမံကိန်းအတွက်

၃.၁ Generalist
(Management,Communication,Human Skills,
HR-finding right people,
General knowledge on every subjects concerned,etc...) လုပ်မှာလား ...

၃.၂ Specialist (Web design/programming ,
Online Marketing, Data Collector) လုပ်မှာလား ...ထပ်ရွေးရမယ် ...

၎. ဒါမှ ကိုယ်ဘာတွေ လေ့လာ ပြင်ဆင် ရမလဲ ရှင်းရှင်းလင်းလင်း မြင်လာလိမ့်မယ်...

၅. ကိုယ့် လုပ်ငန်းရဲ့ SWOT Analsysi လုပ်ရမယ်...

၆. Target Market သတ်မှတ်ရမယ်...
ဒီအတွက် လိုအပ်ရင် Market Surveyအရင် လုပ်ရမယ်..

၇. သူများ Fund (Investment)ပါ ပါလာမယ် ဆိုရင်
Executive Porfiles လိုဟာမျိုးတွေပါ ပြင်ဆင်ထားပြီး ပြနိုင်ရမယ် ..
ရင်းနှီး မြှုပ်နှံလူသူရဲ့ ယုံကြည်မှူ ရအောင်လို့ပေါ့...

၈. လိုအပ်လာရင် Plan B သို့မဟုတ် Exit Strategy ပါ ဆွဲထား ...
အွန်လိုင်းပေါ်မှာပဲ ဖြစ်ဖြစ် ဘယ်အချိန်မှာ ဘယ် ဈေးကွက်ကို
အဝင် အထွက် လုပ်မလဲ ဆိုတာ အရေးကြီးနေဦးမှာပဲ...
ဘာမဖြစ်လာရင် ဘာလုပ်ထားလိုက်မယ်ဆိုတာပါ ပြင်ဆင်ထား ...
( အခံရ သက်သာအောင်ပေါ့ ...
စီးပွါးရေး လုပ်တော့ မယ်ဆို အခက်အခဲ ကို အရင် မျှော်လင့်ထား...
အခက်အခဲ ရှိမှလည်း ကိုယ့် အတွက် အကျိုးအမြတ် ရှိမှာ ...
မဟုတ်လို့ လူတိုင်းဝင်လုပ်နိုင်နေရင် လူတိုင်းနဲ့ တန်းတူပဲ ရမှာပဲ...
သူများထက် ခေါင်း တစ်လုံးသာချင်ရင်
သူများထက်တော့ လူစိတ် အပင်ပန်း ခံနိုင်ရမယ် ဟုတ်.. )

E-commerce အတွက် လိုတာလေးတွေ အကျဉ်းချုပ်ချရေးလိုက်တာပါဗျာ ...
နောင်တော့ အသေးစိတ် မျှဝေခွင့်ရမယ် မျှော်လင့်ပါသေးတယ်...
အခူတော့ ဤမျှသာ ...
ကိုဇင်ဇေ (STG)

ဆရာကြီး လုပ်တာ မဟုတ်ပါဘူးဗျာ ...
(ရိုးရိုးသားသား ဝန်ခံရရင် ဆရာတော့ ဖြစ်ချင်ပါတယ်.. :)
သူတပါးကို ကိုယ် သိတာ တတ်တာလေးတွေ
မျှဝေပေးတဲ့ အလုပ် လုပ်ရင်း
ထမင်းစားချင်ပါတယ်...
သက်တောင့်သက်သာ နေချင်ပါတယ်..
ချမ်းသာချင်ပါသေးတယ်.. :) )



ထပ်မံ ဆွေးနွေးလိုပါက ဒီမှာ ဆွေးနွေးနိုင်ပါတယ် ... :)



2 comments:

  1. [...] … မြန်မာနိုင်ငံရဲ့ လက်ရှိ E-commerce လှုပ်ရှားမှု အခြေအနေတွေနဲ့ [...]

    ReplyDelete
  2. [...] အကြောင်းပါးပါးလေးပြောဖြစ်တယ် … E-Commerce လုပ်ပုံလုပ်နည်းတွေ အများကြီးထဲက [...]

    ReplyDelete