Sunday, November 11, 2012

ကျွန်တော်တို့ တွေ ဘာမှားနေလဲ ?

[caption id="attachment_169" align="alignnone" width="300"] Blame Game[/caption]

ကျွန်တော်တို့ တွေ ဘာမှားနေလဲ ?

အစိုးရ ကို ချည်း အားကိုး မနေပါနဲ့....
အစိုးရ ကို ချည်း အပြစ်တင် မနေပါနဲ့ ...
အစိုးရ ကို ချည်း တောင်းဆိုမနေပါနဲ့ ...
အစိုးရ ကို ချည်း ညာသံပေးနေမနေပါနဲ့ ...


ကျွန်တော်တို့ အားလုံးမှာလဲ တာဝန်ရှိပါတယ် ...
တာဝန်ကျေအောင် လုပ်ရပါမယ် ...အစိုးရမှာပဲ တာဝန်ရှိတယ်လို့ ယူဆချက်က
ကိုယ် ခေါင်းရှောင်ချင်ရုံ သက်သက်
အနေချောင်ရင် ပြီးရောဆိုတဲ့ လူမျိုးတွေရဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်...

ဒီလို စိတ်ဓာတ်မျိုး လူထူမှာ ရှိနေရင် အန္တ ရာယ် ကြီးပါတယ် ...
" ငါနဲ့ မဆိုင်ဘူး ငါတို့ အလုပ် မဟုတ်ဘူး ...
သူတို့ ပဲ လုပ်ရမှာ ..." ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိနေတဲ့
လူများစု ရှိနေသ၍ ကျွန်တော်တို့ ဘယ်တော့မှ
မှန်မှန်ကန်ကန် မတိုးတက်နိုင်ဘူး....

ပါးစပ်က "လိုချင်တယ် ...ပေးပါ..."လို့ ပြောတဲ့ အလုပ်ကတော့
လူတိုင်း လုပ်နိုင်ပါတယ် ....
"လိုချင်တယ် ငါတို့ ဘာလုပ်ပေးရမလဲ" ဆိုတဲ့
စိတ်ဓာတ်မျိုးရှိလာမှ လူလားမြောက်တယ် ...
ဒါဟာ နိုင်ငံရေးသက်သက် ထက်
လူပီသဖို့ အရေးအတွက်ပါ ဖြစ်တယ်...

ဒီမိုကရေစီ လိုချင်ရင်
ဒီမိုကရေစီ စိတ်ဓာတ်ရှိထားဖို့လိုတယ် ...
ဒီမိုကရေစီ မှာ စံယူပြောဆိုနေရမြဲဖြစ်တဲ့
အမေရိကန် တွေရဲ့ စိတ်ဓာတ်တွေထဲက တစ်ချို့ကို
ခံယူနိုင်ဖို့လိုအပ်တယ်...
တာဝန်သိဖို့ တာဝန်ယူဖို့ဆိုတာ...
အစိုးရ အလုပ်သာ မဟုတ် ....
လူထု အတွက်ပါ ဖြစ်တယ်...

အဓိက ကတော့ လူတိုင်း လူတိုင်း ကိုယ့်မှာ
တာဝန်ရှိတယ်ဆိုတာ သိကို သိရမယ် ...
တာဝန်ကျေအောင်လည်း လုပ်ရမယ်....
"နားခါးလည်း ဒါဟာ အမှန်တရားပဲ..."

လှည်း တစ်စီးကို ရှေ့က ဆွဲတဲ့လူတွေ
တော်ရကောင်းရမှာ ဖြစ်သလို
နောက်က တွန်းတဲ့လူတွေက လည်း
တော်ရကောင်းရမှာ ဖြစ်တယ်...
ဆရာ အောင်ထွန်းသက် ပြောခဲ့သလို
လှည်းဘီးက လေးထောင့်ကြီး ဖြစ်နေမယ် ဆိုရင်လည်း အဆင်ပြေမှာ မဟုတ်ဘူး....
အခု ဒီ လေးထောင့်ကြီး ကို အဝိုင်းပြောင်းနေပါပြီ ...
လူတိုင်းမှာ တွန်းဖို့ တာဝန် ရှိတယ် ...
ညာသံ ပေးနေရုံနဲ့ မလုံလောက်တော့ဘူး...
နိုင်ငံရေး ... နိုင်ငံ့အရေးဆိုတာ
ပါတီတွေ အာဏာ ပြိုင်ရုံ သက်သက် မဟုတ်ဘူး ....
လူထု ကပါ ရေချိန် မြင့်ဖို့လိုတယ် ...
ဖုံးထား ... ကာထားတာတွေ
ဖျက်သင့် သလောက် ဖျက်လိုက်ပြီမှို့ ...
တစ်ဦးချင်း တစ်ယောက်ချင်း
ငါတို့ ဘာလုပ်နိုင်မလဲ ...
အချိန်ပြည့် တွေးနေ... မေးနေ...လုပ်နေ ဖို့လိုပါတယ် ...

လေးစားလျှက်
ကိုဇင်ဇေ (STG)

အမေရိကန် သမ္မတ John F. Kennedy....
"And so, my fellow Americans: ask not what your country can do for you — ask what you can do for your country.
My fellow citizens of the world: ask not what America will do for you, but what together we can do for the freedom of man."
John F. Kennedy- 35th President of the United States

1 comment:

  1. စိတ်ဓာတ်ထက်သန်စေတဲ့စာမျိုးဖတ်ရလို့ကျေးဇူး
    တင်ပါတယ်

    ReplyDelete